ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, June 12, 2014

လေယာဉ်မောင်း ပညာရပ် စိတ်ဝင်စားသူများ ထူးဖောင်ဒေးရှင်း ပညာသင်ဆု လျှောက်ထားနိုင်

  လေယာဉ်မောင်း အတတ်ပညာရပ်များနှင့် လေကြောင်း ပညာရပ်များကို စိတ်ဝင်စားသော်လည်း သင်တန်း စရိတ် မတတ်နိုင်သည့် မျိုးဆက်သစ် မြန်မာလူငယ်များအတွက် ထူးဖောင်ဒေးရှင်းမှ ပညာသင်ဆု ထောက်ပံ့ သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်တွင် သင်တန်းသား ၁ဝ ဦးကို ထောက်ပံ့ပေးမည်ဖြစ်ပြီး သတ်မှတ် ထားသည့် အရည်အချင်းများကို ပြည့်မီရမည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရပြီးနောက် သင်တန်း တက်ရောက်ရာတွင် အခြေခံလိုက်နာရမည့် စည်းကမ်းများအပြင် အခြားသင်ကြား ပို့ချမှုများ နှင့် သင်တန်း အဆင့်လိုက် စာမေးပွဲကြီးများ၊ လပတ်သင်ခန်းစာများအလိုက်  စာမေးပွဲငယ်များစစ်ဆေးခြင်း၊ စာမေးပွဲများ တစ်ကြိမ် ကျရှုံးလျှင် နောက်ဆုံးအကြိမ် သတိပေးခြင်းကို ခံယူရခြင်းနှင့် ဒုတိယအကြိမ် ထပ်မံကျရှုံးပါ က ထောက်ပံ့မှုရပ်စဲမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက ထူးဖောင် ဒေးရှင်းမှ သတ်မှတ်ပေးသည့် လေကြောင်းလိုင်း များတွင် ၇ နှစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားခြင်းနှင့် အသေးစိတ် အချက်အလက်များကို Myanmar Aciation Academy ဖုန်း ၉၅၁ ၅၅၁၂၂၉၊ ဝ၁ ၅၅၆၆၂၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
 http://www.myanmarij.com

No comments: