လာမည့် ပညာသင်နှစ်တွင် ရှမ်း ဘာသာစကား
သင်ကြားနိုင်ရန်အတွက် Grade 1 နှင့် Grade 2 အဆင့် သင်ရိုး ညွှန်းတမ်း
စာအုပ်များကို ပြင်ဆင်ပြီး ဖြစ်ကြောင်း ရန်ကုန်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု
အသင်း၏ စာပေ ရေးရာမှူး စိုင်းလိုင်းဟန်က မြန်မာအင်ဒီပဲန်ဒင့်သို့
ပြောကြားခဲ့သည်။
“လက်ရှိအခြေအနေမှာ Grade 1 နဲ့ Grade 2
ရယ်ကို အကြမ်းထုတ် ထားပြီးပါပြီ။ အဲဒီအကြမ်းကို ရှမ်းပြည်နယ် မှာရှိတဲ့
ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီအားလုံး၊ ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းစာပေနဲ့
ယဉ်ကျေးမှု ကော်မတီကော၊ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ရှမ်းစာပေယဉ်ကျေးမှု
ကော်မတီကိုရော၊ တက္ကသိုလ်များ ဆိုင်ရာ ကော်မတီတွေ ကိုလည်း ပို့လိုက်တယ်” ဟု
စိုင်းလိုင်းဟန်က သက်ဆိုင်ရာကော်မတီ များသို့ သင်ရိုး ညွှန်းတမ်း
မူကြမ်းပေးပို့ထား သည်နှင့် ပတ်သက်၍ ပြောသည်။
အဆိုပါ သင်ရိုးညွှန်းတမ်းမူ ကြမ်းကို
သက်ဆိုင်ရာကော်မတီများ က လိုအပ်ချက်များနှင့် ဖြည့်စွက်သင့်သည်များကို
အကြုံပြု သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအကြုံပြုချက်များကို မတ် ၁၃
ရက်နေ့ ပြန်လည် ပေးပို့ပေးရမည်ဖြစ်သည်။ ရရှိလာသော အကြံပြုချက်များကို
ခြုံငုံ သုံးသပ်၍ ပြုပြင်သင့်သည်များ၊ အတိုး အလျှော့ ပြုသင့်သည်များ ကို
ပြုလုပ်မည် ဖြစ်သည်။ ယင်းနောက် ရရှိလာသည့် နောက်ဆုံးရလဒ်ကို အစည်းအဝေး
ခေါ်ယူ၍ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် စာအုပ်အဖြစ် ဆက်လက်၍ ရိုက်နှိပ် ထုတ်ဝေသွားမည်ဟု သိရသ
ည်။
Grade 1 တွင် ဗျည်း ၁၉ လုံး၊ အခြေခံသရ ၁ဝ
လုံး၊ သရ ဤ ၇ လုံး၊ သရ အူ ၅ လုံး၊ စုစုပေါင်း ၂၈ လုံးကို သင်ကြားရမည်
ဖြစ်ကြောင်း သိရသည်။ Grade 2 တွင် အသံမြင့် အသတ်များဖြစ်သည့် အ အသတ် ၁ဝ
လုံး၊ င အသတ် ၁ဝ လုံး၊ မ အသတ် ၁ဝ လုံး၊ န အသတ် ၁ဝ လုံး၊
အသံပြတ်အသတ်များဖြစ်သည့် က အသတ် ၁ဝ လုံး၊ သ အသတ် ၁ဝ လုံး၊ ပ အသတ် ၁ဝ လုံး၊
စုစု ပေါင်း အသတ် အလုံး ၆ဝ ကို သင် ကြားရမည်ဖြစ်ကြောင်း သိရသည်။
ယင်းတို့ကိုသင်ကြားခြင်းဖြင့် ရရှိလာ နိုင်သည့် ဘာသာစကားတတ်မြောက်
မှုများနှင့်ပတ်သက်၍ “Grade 1 နဲ့ Grade 2 ကို သင်လိုက်ပြီးပြီ ဆိုရင်တော့
ရှမ်းစာကို အရေး၊ အပြော၊ အဖတ်၊ နားထောင် လုံးဝ ကောင်းကောင်း ရသွားပြီ။
သင်ပြီးတာနဲ့ 4 skills လုံးဝ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သွားပြီ” ဟု
စိုင်းလိုင်းဟန်က ပြောသည်။
ထိုသို့ သင်ကြားခြင်းသည် ဘာသာစကားကို
တတ်မြောက်ခြင်း ဖြစ် သောကြောင့် ရှမ်း တိုင်းရင်းသားများနှင့် ပတ်သက်သော
ရိုးရာ ယဉ်ကျေးမှုများ၊ စာပေများ၊ သမိုင်းကြောင်း များနှင့်
လက်ရှိတွင်ဖြစ်တည်နေသော ယဉ်ကျေးမှုရေးရာ များကိုလည်း သင်ကြားပေးရန်
လိုအပ်ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ “ရှမ်းပြည်နယ်ထဲက
ရှမ်းတွေရဲ့ ယဉ်ကျေးမှု ကလည်း နည်းနည်းလေး ကွဲတဲ့ဟာ လေးတွေ ရှိတယ်။
စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်နဲ့ နည်းနည်းလေး ကွဲ နေတာတွေ ရှိတယ်။
တစ်ချို့ပြည်မမှာ ရှိနေတဲ့ ရှမ်းအုပ်စု တွေက ကြတော့ တော်တော်များများ
ကွဲနေတာ တွေ ရှိတယ်။ အဲဒါတွေကိုလည်း ကလေးတွေကို သင်ပေးဖို့လိုပါ တယ်။
ဒါမှပဲကျွန်တော်တို့ရှမ်းရဲ့ ပျံ့နှံ့နေထိုင်ရာအားလုံးကို သိပြီး တော့မှ
ကိုယ့်ရဲ့ အခုလက်ရ ဖြစ်နေတဲ့ ယဉ်ကျေးမှုရယ်၊ ဟိုးအရင်က ယဉ်ကျေးမူရယ်
အဲဒီလိုလည်း သိရမှာပါ” ဟု စိုင်းလိုင်းဟန်က ပြောသည်။
ရှမ်းဘာသာစကားတွင် မူကွဲ
သုံးခုရှိသည်ဟုသိရသည်။ ယင်းတို့မှာ မငါးလုံးမူ၊ ဂုံရှမ်းစာနှင့် တိုင်းလျံ
(ရှမ်းနီ) စာတို့ ဖြစ်သည်။ အဆိုပါ အချက်နှင့်ပတ်သက်၍
“ကျွန်တော်တို့လုပ်နေတဲ့ မငါးလုံးကတော့ ရှမ်းပြည်နယ် တစ်ခုလုံးကို သင်မယ်။
ကချင်ပြည်နယ်မှာနေတဲ့ ရှမ်းတွေရှိတဲ့ နေရာတွေမှာသင်မယ်။ ကျိုင်းတုံ အတွက်
ကြတော့ ဂုံရှမ်းစာသင်မယ်။ စစ် ကိုင်းတိုင်းကကြတော့ တိုင်းလျံစာ သင်မယ်။
ရှမ်းနီစာသင်မယ်” ဟု ယင်းက ပြောသည်။ မငါးလုံး ဆိုသည်မှာ မော်လူ (ဖတ်တတ်)၊
မော်တျန့် (ရေးတတ်)၊ မော်နပ့်(တွက်တတ်)၊ မော်ဆွမ် (ပြန်လည်သင်ကြားတတ်)
နှင့် မော်ပေါင်(စီမံတတ်၊ ကွပ်ကဲ တတ်)ဖြစ်သည်ဟု သိရသည်။ ယင်း မငါးလုံးမူကို
မဟတိုဟု လည်း ခေါ်ကြောင်း သိရသည်။
ရှမ်းဘာသာစကား သင်ကြားမှုကို စိတ်ဝင်စားသော
အခြေအနေသည် မြို့ ပေါ်နှင့် ကျေးရွာများအကြားတွင် တူညီမှု မရှိကြောင်းနှင့်
အနည်းငယ် ကွဲပြားကြောင်းကို “ရွာမှာနေတဲ့ ရှမ်းကလေးတွေနဲ့ မြို့ပေါ်မှာနေတဲ့
ရှမ်း ကလေးတွေက ရှမ်းစာအပေါ် စိတ် ဝင်စားမှုက ကွာတယ်။ ရွာမှာနေတဲ့
ရှမ်းကလေးတွေက ရှမ်းစာကိုပိုပြီး တော့ စိတ်ဝင်စားတယ်။ ပိုလည်း
လိုချင်ကြတယ်။ မြို့ပေါ်က ကလေး ကြတော့ တစ်ခြားပညာရပ်တွေလည်း အများကြီး
တွေ့ရတော့ ရှမ်းစာက သိပ်ပြီး အသုံးမဝင်ဘူး ဆိုတဲ့ ခံစားချက် ရှိကြတယ်။
မြို့ပေါ်က မိဘတွေက ရှမ်းစာကို သိပ်အားမပေးဘူးလို့ မှတ်ချက်ပေးလို့ ရတယ်”ဟု
စိုင်းလိုင်းဟန် က ပြောသည်။
ရှမ်းဘာသာစကားကို မတတ် မြောက်သည့်အတွက်
အသုံးမတည့် ခြင်းဖြစ်ကြောင်း၊ တတ်မြောက်လျှင် အသုံးဝင်မည်ဖြစ်ပြီး
စာအုပ်များထုတ် ဝေနိုင်ခြင်း၊ အွန်လိုင်းတွင် အသုံးပြု
ခြင်းများပြုလုပ်နေပါက ဘာသာ စကားသည် အသုံးဝင်နေ၊ အသုံးတည့် နေမည်သာ
ဖြစ်ကြောင်း ရှမ်းလူကြီး များက ပြောကြားသည်။
ထို့အတူ ရှမ်းဘာသာစကားသင်
ကြားရန်လိုအပ်ကြောင်းကို “လူမျိုး တစ်မျိုးမှာ စာပေက အသက်သွေးကြောပဲ။
စာပေပျောက်ရင် အဲဒီလူမျိုး တော့ ဘာမှပြစရာ မရှိတော့ဘူး။ အဝတ်အစားပဲ
ဝတ်ပြမယ်ဆိုရင်တော့ ပြတိုက် မှာပဲ ထားဖို့ ရှိမယ်။ လူမျိုးဆိုတာ
စာပေနဲ့မှပါ။ စာပေကို ပြနိုင်မှ လူမျိုးက ဘယ်လောက်အထိ အဆင့်မြင့်တဲ့
လူမျိုးဖြစ်တယ် လို့ ပြောလို့ရမယ်။ စာပေက သက်သေပြတယ်။ကိုယ့်ပစ္စည်းကို
ကိုယ်မမြှင့်တင်ဘူး ဆိုရင် ကိုယ့်ပစ္စည်းက တန်ဖိုးရှိမှာ မဟုတ်ဘူး” ဟု
စိုင်းလိုင်းဟန် ကပြောသည်။
ရှမ်းဘာသာစကား အတွက် ပြင်ဆင်ထားသည့်
စာအုပ်တွင် ဓာတ်ပုံ များကို ထည့်သွင်းထားကြောင်း၊ ယခု လာမည့်
ပညာသင်နှစ်တွင် စတင်သင်ကြားမည်ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသား ကလေး ၃ဝ
နှင့်အထက် ရှိသော နေရာများတွင် ဆရာ များကို ခန့်ထားပေးမည်ဖြစ်ကြောင်း၊
ယင်းတို့ကိုပြည်နယ်အစိုးရက တာဝန် ယူမည် ဖြစ်ပြီး အခြေခံပညာကျောင်း များတွင်
ဘာသာစကား သင်ကြား ပေးနိုင်မည့် ဆရာ၊ ဆရာမ လုံလောက်မှု မရှိသေးကြောင်းနှင့်
ဆရာများကို လည်း မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးနေကြောင်းသိရသည်။
ရှမ်းဘာသာစကားကို တရားဝင်
သင်ကြားခွင့်မရမီက နွေရာသီကျောင်းပိတ်ရက်များတွင် ဘုန်းတော်ကြီးများက
ဦးဆောင်၍ တစ်နိုင်တစ်ပိုင် သင်ကြားပေးခဲ့ ကြကြောင်း သိရသည်။
No comments:
Post a Comment