ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Saturday, February 15, 2014

မယှဉ်နှိုင်းရာ

မယှဉ်နှိုင်းရာ

ခါးတောင်းကျိုက် ပိတုန်းပိတ်နှင့်၊
ကျုံးထိပ်ကငဖေ၊
တုန်းပြိတ္တတစ္ဆေလို၊
အသရေ ဟိတ်နွမ်း၊
အသွင်နှင့် အမြင်မှန်တယ်၊
ဘဝင်ခံ မဲတဲ့စိတ်နှမ်း။

မနှိုင်းအပ် မယှဉ်ရာ၊
နင်ဘာပြု ဟော့ရမ်း၊
ဝင်္ကာခု သော့သွမ်း၊
ကြော့ကြမ်းလိုက်လေတယ်၊
ကြောင်းမတန် စောင်းမာန်ခက်၊
ပြောင်းပြန်ရှက် ရှက်ရချေမယ်။

ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊
ဖားခြင်္သေ့ ရွှေဟင်္သာ၊
ကျီးနက်ပြိုင်လာ၊
နဂါးနှင့် တီလောက်ကွာတယ်၊
ခြေထောက်တာ လွန်လွန်းလို့လေး။ ။

(ဦးပုည)
တေးထပ်

ဂုဏ်နိမ့်ဖွဲ့

ဒီတေးထပ်က အချုပ်တန်းဆရာဖေကို တိုက်ခိုက်တဲ့ တေးထပ်ဖြစ်ပါတယ်။ စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ ခေတ်ပြိုင်စာဆိုကြီး နှစ်ဦးက တဦးကို တဦး တိုက်ခိုက်တဲ့ တေးထပ်တွေ အပြန်အလှန်ရေးကြတဲ့အထဲက တပုဒ်ပဲဖြစ်ပါတယ်။

No comments: