ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Saturday, February 15, 2014

သိကောင်းပါငဲ့

သိကောင်းပါငဲ့

ကုသိုလ်ကံဈေးကျလို့၊
မှေးရသည့်ခေတ်ဝယ်၊
အဝေးကချစ်ရွယ်သည်၊
ပစ်ပယ်တယ်ထင်နှင့်၊
ဘုရားဟော သဘောမှန်သည်၊
လောကဓံကင်းခွင့်မသင့်။

ပုထုဇန်လိုဟာ၊
ဘယ်ဆိုရာမတင့်၊
ရွယ်ခိုကာ ဉာဏ်ချင့်လို့၊
ကံမြင့်မှကြီးမယ်၊
အသက်နှယ် မက်တွယ်ချင့်သော်လဲ၊
ပျက်ပြယ်လင့် ဘုန်းမို့ခွာတယ်။

စက်လယ်မြင့် မျိုးအမှန်ရယ်၊
ထမ်းပိုးဆယ်ပြန် စံပြလို့၊
အနန္တ စေတနာ၊
ဘုန်းမောင့်မေတ္တာ၊
မလွဲဘု စွဲမှတ်ပါကွယ်၊
ကဲခတ်ကာ သိကောင်းငဲ့လေး။ ။

(ဦးပုည)
တေးထပ်

ကုသိုလ်ကံဖွဲ့

စလေဦးပုညရဲ့ တေးထပ်ဖြစ်ပါတယ်။

No comments: