ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Saturday, February 15, 2014

ကာလဆိုး

ကာလဆိုး

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ပို့စ်တွေကို ဆက်ဖို့ တေးထပ်အကြောင်း ရေးနေတုန်း ဦးပုညရေးခဲ့တဲ့ ကလိယုဂ်ဖွဲ့ တေးထပ်ကလေး ခေါင်းထဲရောက်လာပါတယ်။ ဖတ်သာကြည့်ကြပါတော့ အရပ်ကတို့ရေ ....

ကာလဆိုး

ကာလနှယ် ဆိုးပါဘိ၊
သူခိုးက လူလူ၊
တောလေ့ပေါက် နန်းမူ၊
အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်၊
ရေနံလောက်မကောင်း၊
စိတ်အနေ ရုပ်ပြောင်းလို့၊
ချောင်းကိုပ မြစ်ထင်၊
တူရိယာ နတ်စည်စောင်း၊
သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်၊
အိမ်ထဲတွင် ကင်းဝပ်လို့၊
မုန်းဇာတ်ကြံကြပြီ၊
ဘုန်းရို့ဝသီ၊
ခုများဖြင့် မုသားညီတယ်၊
အပလီ ဗိုလ်မင်းပလေး။ ။

ဦးပုည
(ကလိယုဂ်ဖွဲ့ - သာမညတေးထပ်)

ကျနော်ကတော့ စာဆိုတော်ကြီး ဦးပုညလို မရေးတတ်လို့ ဒီတေးထပ်လေးနဲ့ပဲ ညည်းချင်းချလိုက်ပါတယ်။ စလေဦးပုညများ ဒီခေတ်မှာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ....

No comments: