ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Saturday, February 15, 2014

ရိုင်းမိုက်တဲ့ဉာဏ်

ရိုင်းမိုက်တဲ့ဉာဏ်

ဂျပ်ကောင်နှယ် ပန်းကြားက၊
သန်းစကားသု (ခု) ဝါ၊
ရမ်းကားလို့ တုလာလျှင်၊
ဥပမာဆိုစို့၊
ချေးပုံနှင့်မြင်းမိုရ်တောင်၊
ခင်းဆိုရောင် နှိုင်းကြပါစို့။

သေးကွက်နှင့်ပင်လယ်၊
နင်တကယ်ထင်လို့၊
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊
သခင်တို့ ဦးချီ၊
အုန်းမှုတ်လိုအနေစားတွေက၊
ရွှေဖလား မနှိုင်းသင့်ပြီ။

ဥတုနှင့်ပုစွန်ဆီ၊
ဒွန်ပီပီ ယှဉ်တွဲလို့၊
စပ်ဖဲ အတွင်းခံ၊
ရိုင်းမိုက်တဲ့ဉာဏ်၊
မိုးကြိုးနှင့် အီးသံလို၊
ခရီးမှန်ကွာလွန်းလှလေး။ ။

(ဦးပုည)
တေးထပ်

ဂုဏ်နိမ့်ဖွဲ့

ဒီတေးထပ်ကလည်း အချုပ်တန်းဆရာဖေကို ထပ်ပြီးတိုက်ခိုက်ထားတာပါ။ ပိုကြမ်းတဲ့စကားလုံးတွေသုံးထားပါတယ်။ ဂမ္မဒေါသ သင့်တဲ့ အဖွဲ့ပေမယ့် အရေးအသားပြောင်မြောက်လွန်းလှပါတယ်။

No comments: