Friday, January 17, 2014
“အလွမ်းတွေနဲ့ ည”
အိပ်မရတဲ့ သန်းခေါင်ယံ
အေးစိမ့် နေတဲ့ ဆောင်းည
ငါ့ ဘ၀အတွက်ရိုးအီနေပြီ
ဒီအချိန်ဆိုမတွေးပါပဲ
မင်းအကြောင်းခေါင်းထဲမှာ
အလိုလိုရောက်ရှိလို့ 
အိပ်စက်ညတိုင်း
အိပ်မက်တွေထဲမှာအမြဲပါ
အိပ်ပျက်ညတိုင်း
အတွေးအိမ်ကိုအမြဲအပိုင်စီး
မငြီးငွေ့ နိုင်ဘူးလားမသိ
အရာရာထက်ကို
ငါပိုခဲ့ မိတာ ငါ့ အပြစ်လား
နဂိုကတည်းက စိုခဲ့ တဲ့ မျက်ဝန်း
ခုများလည်းမခမ်းခြောက်
ဒူးထောက်ပြီးချစ်ခဲ့ ရတဲ့ မင်းကြောင့် 
ငါ့ ရင်ထဲမှာ အလွမ်းမိုးတွေ
ခုထက်ထိစွေတုန်းပဲလေ…….. ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment