စွန့် ပစ်ခြင်းခံနှလုံးသားတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်လို
ကြမ္မာဆိုးတွေပူးကပ်နှောင့် ယှက်
ရင်ဘတ်ကြီးနဲ့ မဆံ့ တော့ တဲ့ ဒဏ်ရာတွေ
သေရာပါတော့ မယ့်  အမာရွတ်တွေလိုပဲ
ဖျောက်ဖျက်လို့ မရနိုင်တော့ ဘူး
မျက်ရည်မိုးတွေရွာသွန်းလို့ 
မျက်လုံးထဲကပင်လယ်တွေတောင် ခန်းခြောက်တော့ မယ်
မေ့ ဆေးမပေးပဲ လွဲချော်ခြင်းဓားချက်တွေနဲ့ 
ခနတိုင်းခွဲစိတ်ခဲ့ လို့ 
နှလုံးသားတစ်ခုလည်း ရစရာမရှိတော့ ဘူး
ကြံကမ္မာခွဲစိတ်ဆရာဝန်ကို အရမ်းမုန်းတယ်
သူ့ ကြောင့် ဒီနှလုံးသားပွဲလည်မတင့် တော့ တာ
ရူးမိုက်ခဲ့ တဲ့ ချစ်ခြင်းအပြစ်မကင်းဘူးထင်လို့ 
ငြိမ်ခံနေခဲ့ တာ ငါ့ အမှားတွေလည်းပါမှာပါ
ကဲ …. ချစ်သူရေ …
မင်းငါ့ နှလုံးသားကိုဆွဲယူပွဲထုတ်မယ်ဆို
သတိတော့ နည်းနည်းထားပေးပါ
နှလုံးသားမှာဒဏ်ရာတွေနဲ့ မို့  ဖွဖွလေးကိုင်ပေးပါလို့ လေ ….. ၊
Read more: http://nyeinchan-com.webnode.com/news/%e1%80%80%e1%80%97%e1%80%ba%e1%80%ac/
Create your own website for free: http://www.webnode.com
No comments:
Post a Comment