ချစ်သူရေ …….
တို့ နှစ်ယောက်ရင်ခုန်သံ ကာရန်မညီလေတော့ 
ကဗျာပြန်သီလို့ မဖြစ်နိုင်ဘူး
အနီးကပ်ဆိုးပေမယ့်  ၃ နဲ့  ၄ လိုကျောခိုင်း
အမုန်းတံတိုင်းကာရန်ထားတယ်
တချိန်တုန်းကတော့ 
ရင်ခုန်သံစည်းချက်တွေနဲ့ 
အချစ်သီချင်းတွေသီကျူး
ပျော်မြူးခဲ့ ကြတာတို့ နှစ်ယောက်ပဲလေ
ခုများတော့  …….
ဝေးကွာခြင်းမိုင်တိုင်တွေနောက်
ခြေရာတွေကောက်နေခဲ့ တာ ဘာကြောင့် လဲချစ်သူ
ကိုယ်ကမင်းအတွက်
အသုံးမလိုတော့ တဲ့ စွန့် ပစ် ပစ္စည်းတစ်ခုများဖြစ်နေပြီလား
အခြေမခိုင် ယိမ်းယိုင်နေတဲ့ နှလုံးသား
မင်းစွန့် ပစ်သွားရင်တော့ 
တစ်သက်လုံး သုံးစားလို့ မရတော့ မှာ
အသေအခြာပါပဲချစ်သူရေ…. ။
Read more: http://nyeinchan-com.webnode.com/news/%e1%80%80%e1%80%97%e1%80%ba%e1%80%ac/
Create your own website for free: http://www.webnode.com
No comments:
Post a Comment