ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Friday, January 17, 2014

“မြတ်နိုးစွာနဲ့ ”

ချစ်သူလေးရေ…….

ရင်မှာတိတ်တခိုး ကြိတ်ပိုးချစ်ရကိုယ့် ဘဝ

တကယ်မလွယ်ပါဘူး

အမှတ်တကယ်မြတ်နိုးပေမယ့် 

ထပ်တိုးချစ်ဖို့ ကိုယ်မရဲပါဘူး

ဖွင့် ထုတ်ရခက် ချစ်စကားတွေနဲ့ 

မင်းရှေ့ ရောက်ရင်ဆွံ့ အ  ညွှတ်ကျချင်နေတဲ့ ဒူးတွေ

ခူးမလွယ်တဲ့ ပန်း ကိုယ်မလှမ်းတော့ ပါဘူး

ဥယာဉ်မှူး တစ်ယောက်လို အလှကြည့် 

အနားထိမတိုးပဲ စိတ်ကူးထဲကပဲမင်းကို

အချစ်ရေစင်သွန်းလောင်း ပန်းပေါင်းစုံတွေထဲ

မင်းတစ်ယောက် ပျော်မြူးနေရင်ကိုပဲ

အဝေးကနေ ကိုယ်ကျေနပ်  

နေတတ်စွာနဲ့ ပဲ  နေသွားတော့ မယ်

ကိုယ့် ချစ်သူကောင်မလေးရေ …… ။

No comments: