ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....
Friday, January 17, 2014
“ဝေးကွာခြင်းနောက်ကွယ်”
ချစ်သူ….
လမ်းခွဲရတော့ မယ်
ဝမ်းမနည်းကြေးလို့ ပြောချင်ပေမယ့် 
ဖုံးဖိလို့ မရနိုင်တော့ ဘူး
အစကတည်းကဒီလိုဖြစ်မယ်ဆို
မဆုံဖြစ်ခဲ့ ကြရင်ကောင်းမယ်
ခုများတော့   လှည်းစားတတ်တဲ့ ကံကြမ္မာ
မာယာများစွာနဲ့ လုပ်ရက်ခဲ့ ပြီ
တို့ နှစ်ယောက်ပြန်ဆုံနိုင်ဖို့ လမ်း
မျှော်မှန်းလို့ တောင်မမြင်ဘူး
အရူးတပိုင်းနဲ့ စိတ်တွေကို ကြိတ်ဖြေလို့ လဲမပြေနိုင်ဘူး
ချစ်သူရယ်…..
တခဏတာ တွေ့ ဆုံခြင်းက
တစ်ဘ၀စာ ပြည့် စုံခြင်းလို ပြီးပြည့် စုံစေခဲ့ ပါတယ်
ဒါပေမယ့် …
သေရာပါ ဒဏ်ရာတစ်ခုက
နှလုံးသားနုနုထက်မှာ ထင်ကျန်သွားခဲ့ ပြီလေ  ……. ။
No comments: