ယောင်ယမ်းလို့ ဖမ်းဆုပ်မိတယ်
တိုးလာတဲ့ လေလေးတွေကြောင့် 
နိုးလာတဲ့ အဖြစ် ခြေဖျားတွေတောင်အေးစက်လို့ 
ပြတင်းတံခါးကြားက ထိုးကျနေတဲ့ အလင်း
လမင်းဆီကပေါ့  နာရီကိုပြန်ကြည့် 
သန်းခေါင်ယံအတိပဲရှိသေးတယ်
ဟူး......... ရောက်လာပြန်ပီမင်းအကြောင်း
ပြန်မှိတ်မရမျက်ဝန်းထဲ
လှုပ်ရှားဆဲမင်းပုံရိပ် မဖိတ်ခေါ်ပဲ ရောက်လာပြန်ပီ
အိပ်ပျော်နေချိန်တဒင်္ဂပဲ မေ့ လို့ ရတယ်
ကျန်တဲ့ အချိန်တိုင်း အနိုင်ပိုင်းနေခဲ့ တာပဲ
သတိရတယ်ချစ်သူရယ်.....
နှလုံးသားအတွက် အားဆေးတစ်ခွက်လိုအပ်နေတယ်
လွမ်းဆွေးခြင်းဝေဒနာအတွက်
ကမ်းလင့် မဲ့ လက်နှစ်ဖက်ဆီ
ပြေးထွက်လို့ လာချင်ပြီကွာ
အချိန်တံတိုင်းတွေကာဆီး
ငါငြီးငွေ့ နေပြီ ပြန်လာချင်ပြီချစ်သူရယ်......... ။
Read more: http://nyeinchan-com.webnode.com/news/%e1%80%80%e1%80%97%e1%80%ba%e1%80%ac/
Create your own website for free: http://www.webnode.com
No comments:
Post a Comment