မဝေးကွာတဲ့ အနာဂတ် ငါရင်ခြင်းအပ်ထားလိုက်တယ်
ငါရောက်ချင်တဲ့ ပန်းတိုင် လက်တကမ်းအကွာမှာမြင်နေရပီ
ရုတ်တရက် မှောင်အတိကျသွားခဲ့ ပြီ
ငါမြင်ခဲ့ တဲ့ အလင်းတန်းကဘယ်ဆီမှန်းမသိ
ရင်ခြင်းအပ်ထားခဲ့ မိတဲ့ အနာဂတ်က
ငါ့ ရင်အစုံကိုခြေကန်ပြီးထွက်သွားပြီ
လက်တကမ်းပန်းတိုင်ကလဲ အသူတစ်ရာချောက်ခြား
တဖြည်းဖြည်းတိုက်စား ချောက်ကမ်းနပါးမှာ
ငါခြေအစုံကိုရပ် ငါ့ ဘ၀အက်ကြောင်းလောက်
မနက်သည့် ဒီချောက် ငါမကြောက်ဘူးလေ
ရှေ့ ကိုခြေတလှမ်း ငါလှမ်းလိုက်ပြီ
ဟာသွားတဲ့ ရင် စိမ့်အေးနေတဲ့ လေထုထဲ
ငါအတွေးနဲ့ ဝဲလိုက်တယ်
ဒီတခါတော့ ငါသွားနေတဲ့ လမ်း
အရောက်လှမ်းတော့ မှာတော့ အသေအခြာပဲလေ....။
Read more: http://nyeinchan-com.webnode.com/news/%e1%80%80%e1%80%97%e1%80%ba%e1%80%ac/
Create your own website for free: http://www.webnode.com
No comments:
Post a Comment