ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Friday, January 17, 2014

“စိတ်ကူး”


အနာဂတ်ကို ကဗျာစပ်လို့ ကြည့် မိတယ်

အရာရာထက်ပိုလွန်းတဲ့ စိတ်ကူးတွေနဲ့ 

မိုးကောင်းကင်ကလမင်းတောင်ရင်ခွင်ထဲဆွဲသွင်း

အေးမြခြင်းတွေဆောင်ကျဉ်းခဲ့ ပေါ့ 

ကန္တာရကိုလက်ခုပ်ထဲထည့် 

ပင်လယ်ပြင်ကိုမွှေနှောက်လို့ သွန်

ကမ္ဘာကြီးကိုဇယ်တောက်

ဘယ်ခြေထောက်နဲ့ နေမင်းကိုကန်

ညာလက်နဲ့ လေကိုဖမ်းဆုပ်ကိုင်ပေါက်

လူတွေကိုဇယ်တောက်သလိုဆော့ ကစား

ခုများတော့  စိတ်ကူးနဲ့ တင်ကမ္ဘာကြီး

ဂျွမ်းထိုးမှောက်ခုံဖြစ်လို့ ပါလား

ဟား  ဟား ဟား  ကဲ………..

ဘာတတ်နိုင်သေးလဲကမ္ဘာကြီးရေ…… ။

No comments: