ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Saturday, June 21, 2014

* အမျိုးသမီးတွေဆိုတာ

Photo: * အမျိုးသမီးတွေစိတ်က မြစ်နဲ့တူတယ် 

တခါတခါ လှိုင်းတွေထန်တတ်ပေမယ့် 
အမှိုက်သရိုက်တွေကို သူတို့နဲ့အတူသယ်ဆောင်သွားကြတယ် 
ပြောဆိုဆက်ဆံတာ ကြမ်းတမ်းချင်ကြမ်းတမ်းမယ်
ဒါပေမယ့် သူတပါးရဲ့အပြစ်အနာအဆာကို တစ်ဘ၀လုံးလက်ခံယူဆောင်သွားတတ်တယ် 

* အမျိုးသမီးတွေစိတ်က မြေပြင်ကရုန်းကန်ုထိုးထွက်နေတဲ့ပဲစေ့လေးနဲ့တူတယ် 

ရာသီဥတုဘယ်လောက်ကြမ်းကြမ်း ဖိအားပေးလေ သူတို့ရှင်သန်လေ
မြေပြင်ကိုထိုးဖောက်ဖို့ခက်ခဲလေ သူတို့သန်မာလေ
သူတို့မျက်ရည်က သူတို့အတွက် နာကျင်မှုအမှတ်အသားဖြစ်သလို အားဆေးတစ်ခွက်လည်းဖြစ်ပြန်တယ် 

* အမျိုးသမီးတွေစိတ်က Alarm ပေးစက်နဲ့တူတယ် 

ဘယ်အချိန်ပဲဖြစ်ဖြစ် သူတို့ အလုပ်လုပ်သင့်ပြီ ဆိုရင် 
ဝိရိယကို သူတို့မွေးတယ် 
ဇွဲကို သူတို့မွေးတယ် နေကြာပန်းတစ်ပွင့်လို နေရောင်မှာ ရဲရင့်လန်းဆန်းနေတတ်သေးတယ် 

တစ်ခုလေးပဲ သူတို့အားနည်းချက်က
“ အချစ်ဆိုတာကို မယုံကြည်ဘူးလို့ ဟစ်ကြွေးကြပြီး 
တကယ်တမ်းလည်း အချစ်ဆိုတာကို သူတို့လောက်ယုံတာ သူတို့ပဲရှိတယ် 
သူတို့တကယ်ချစ်ပြီဆိုရင် အရာရာကိုရင်ဆိုင်ရဲသလို အရာရာကိုလည်းစွန့်လွှတ်ရဲကြတယ် ” 

သက်တန့်ချို
* အမျိုးသမီးတွေစိတ်က မြစ်နဲ့တူတယ်

— with Wpinkyoo Oo.

No comments: