ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Saturday, June 21, 2014

လူ့ဘ၀ရဲ့ အလှပဆုံး အပျော်ရွှင်ရဆုံးအချိန်ဆိုတာ

Photo: လူ့ဘ၀ရဲ့ အလှပဆုံး အပျော်ရွှင်ရဆုံးအချိန်ဆိုတာ
လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ကျေနပ်နှစ်သိမ့်နိုင်စွမ်းရှိခဲ့ခြင်းမရှိခဲ့ခြင်းအပေါ် မူတည်ပါတယ်

သင့်လက်ထဲမှာ ငွေတစ်ရာလောက်ကိုင်ထားပြီး အဖိုးတန် စိန်လက်စွပ်ကြီးဝယ်ဖို့စိတ်ကူးနေရင်တော့ “ အရူးတစ်ယောက်လို့သတ်မှတ်ခံရတာကလွဲလို့ ” သင်ဘာမှဖြစ်လာမှမဟုတ်ဘူး

အဲ့ဒီငွေတစ်ရာနဲ့ ဘီစကစ်တစ်ချပ်ဝယ်စားလိုက်ပါ
ဗိုက်မပြည့်ဘူးဆိုရင်တောင် နည်းနည်းတော့သက်သာသွားလိမ့်မယ်

ဒါကြောင့် ရှေးလူကြီးတွေက ပြောခဲ့ကြတယ်
“ တန်ရာကိုသာ မှန်းပါ ”
မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေက လူတွေကို နာကျင်စေသတဲ့
“ အရှိကို အရှိအတိုင်းလက်ခံပါ ”
စိတ်ကူးယဉ်တယ်ဆိုတာ ရုပ်ရှင်တွေ စာအုပ်တွေထဲမှာပဲရှိသတဲ့ 

သက်တန့်ချို

— with Kay Kay and Thamee Kay.

No comments: