ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, June 12, 2014

ကမ္ဘာကျော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့  စာအုပ်

YoYarLay
ကမ္ဘာကျော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့  စာအုပ်
အသက် ၆ နှစ်အရွယ်ပဲ ရှိသေးတဲ့ Elena Desserich လို့အမည်ရတဲ့ ကလေးမငယ်လေး တစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါ ခံစားနေရသူ တစ်ဦး ဖြစ်ပါတယ်။

သူ အသက်ရှင်ဖို့ ရပ်ပေါင်း ၁၃၅ ရက်ပဲ ကျန်ရှိတော့တယ်လို့ ဆရာဝန်များ က ခန့်မှန်းထားပါတယ်။ သိုေaပမယ့် သူမလေး ၂၂၅ ရက်တောင် အသက် ရှင် နေထိုင်ခဲ့ ပါတယ်။ သူမ အသက်ရှင်တဲ့ နေ့ရက်တွေမှာ အဖေတို့၊ အမေ တို့ကို ဘယ်လောက်ချစ်ကြောင်း စာတိုလေးတွေရေးပါတယ်။ ပြီးတော့ သူ မရှိတော့ရင်တောင် သူ့ကို သတိရနေပါစေဆိုပြီး ရည်ရွယ်ချက်နဲ့ တစ်အိမ်လုံး အနှံ့ လျှောက်ဖြန့် ထားပါတယ်။ စာအုပ်စင်ကြားမှာ၊ စီဒီခွေအခွံထဲမှာ၊ ပန်းအိုထဲ၊ အခန်းတွင်း နံရံ အစရှိသဖြင့် နေရာစုံ လိုက်ထားထားတာ စာရွက်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။
၂၀၀၇ ခုနှစ်၊ သူမ ကွယ်လွန်ပြီးချိန်မှာ အိမ်ကို သန့်ရှင်းရေး လုပ်ရင်း Elena လေး ရေးထားခဲ့တဲ့ စာရွက် များကို တစ်ခုချင်းစီး ပြန်လည်တွေ့ရှိ ပါတော့တယ်။ ယခုတော့ ယင်း စာရွက်များကို စုစည်းလို့ Notes Left Behind ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့တာ အောင်မြင်ခဲ့ ပါတယ်။ ယင်းစာအုပ်ထုတ်လို့ရတဲ့ ငွေနဲ့ ကင်ဆာရောဂါ တိုက်ဖျက်ရေး ဖောင်ဒေးရှင်း များကို လှူဒါန်းခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( ရိုးရာလေး )

No comments: