ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, June 12, 2014

ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် ဆွေးနွေးပွဲ ရလဒ်ကို လာမည့် လွှတ်တော်တွင် တင်ပြမည်၊ မြန်မာနိုင်ငံ ပညာရေးစနစ်၏ ချွတ်ယွင်းချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြ

ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် နိုင်ငံလုံးဆိုင်ရာ မြှင့်တင် ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃ဝ ရက်၊ နံနက် ၁ဝ နာရီတွင် မန္တလေး တိုင်းအတွင်းရှိ ဗြဟ္မစိုရ်နာရေး ကူညီမှု အသင်း တည်ရှိရာ ခန်းမ၌ ပညာရှင် များနှင့် စာတမ်းဖတ် ညှိနှိုင်းဆွေး နွေးခဲ့ကြပြီး ဇွန်လတွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေး၌ ဥပဒေ ကြမ်း တစ်ခု အနေဖြင့် တင်ပြပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးကျော်ထွေး ၏  ပြောကြားချက် အရ  သိရသည်။
ဆွေးနွေးပွဲတွင် အခြေခံ ပညာ ပြုပြင်ပြောင်းလဲရေး၊ တက္ကသိုလ် ပညာပြုပြင်ပြောင်းလဲရေး၊ အသက် မွေးဝမ်းကျောင်း ပညာရေး၊ ကျောင်း ပြင်ပပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေး၊ ဘာသာရေးဆိုင်ရာ ပညာ ရေး၊ တိုင်းရင်းသား ဘာသာစကား၊ ပုဂ္ဂလိကပညာရေးတို့ကို တက်ရောက် လာသောပညာရှင်များနှင့် စာတမ်း ဖတ်၊ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။ ယင်းပွဲသို့ တက်ရောက်ပါဝင်ဆွေး နွေးခဲ့သူပညာရေးကွန်ရက်မှ ဦးကျော်ထွေး က “ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း တွေမှာ ပြီးသွားပါပြီ၊ ဧပြီလနှင့် မေလတွေမှာ ဒေသတစ်ခုလုံးဆိုင်ရာ ပွဲကို လုပ်မယ်။ ဇွန်လမှာ လုပ်မယ့် လွှတ်တော် အစည်းအဝေးမှာ ဥပဒေ ကြမ်းတစ်ခု အနေနဲ့ တင်ပြပေးဖို့ရှိ တယ်။
အခုလက်ရှိ မြန်မာနိုင်ငံပညာ ရေးစနစ်ရဲ့ချွတ်ယွင်းချက်၊ အားနည်း ချက်တွေကို ဝေဖန်ထောက်ပြတယ်။ ပြုပြင်သင့် တာတွေကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြတယ်။ အချက်အလက်တွေ စု ဆောင်းပြီး အနာဂတ်ကျောင်းသား တွေအတွက် စိတ်ချရတဲ့ အဆင့် တစ်ခုကို ရောက်အောင် လုပ်မှာဖြစ် တယ်။ တချို့ တိုင်းရင်းသားတွေ ဆိုရင် ဘာသာစကား ပဲရှိတယ်။ စာ မရှိကြဘူး။ တချို့ကတော့ ဘာသာ စကားရော၊ စာရောရှိတယ်။ နောက် ပြီး အလယ်တန်း ကနေ အထက်တန်း   ဆက်မတက်နိုင်သူ၊ အထက်တန်း ကနေ တက္ကသိုလ်အထိ မတက်နိုင်ဘဲ ပညာရေး တစ်ပိုင်း တ
စ်စပဲ ရှိတဲ့ ကျောင်းသားများ အတွက် ဘဝအာမခံချက် ရှိတဲ့ အလုပ်တွေ အသက်မွေး ဝမ်းကျောင်း အတွက် ပညာသင်ကျောင်း  တွေစတဲ့ သင်တန်းတွေကို လွယ်လင့် တကူ တက်ရောက်နိုင်အောင် စာတမ်း  တွေ ပြုစုဆွေးနွေးခဲ့ကြတယ်။ သက် ဆိုင်ရာ ခေါင်းစဉ် အလိုက် တာဝန် ယူထားတဲ့ အဖွဲ့ခေါင်းဆောင် တွေနဲ့ အတူ ရရှိလာတဲ့ ရလဒ်တွေကို နိုင်ငံ လုံးဆိုင်ရာ ကွန်ရက်ကို တင်သွင်း သွားမယ်။ မန္တလေးတိုင်း ကိုယ်စားပြု စာတမ်းဖတ်ပွဲကို ပြည့်စုံတဲ့စာတမ်း ဖြစ်အောင် ဝိုင်းဝန်းဆွေးနွေးဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို မေ ၄ ရက် မှာ မန္တလေးမှာပဲ ပြုလုပ်သွားမယ်” ဟု  ပြောကြား ခဲ့သည်။
 http://www.myanmarij.com


No comments: