ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, June 12, 2014

နယူးဇီလန်-အာဆီယံ ပညာသင်ဆု အစီအစဉ်ကို မြန်မာနိုင်ငံမှ ကျောင်း သားများ လျှောက်ထားနိုင်

နယူးဇီလန်-အာဆီယံ ပညာသင်ဆု အစီအစဉ်ကို မြန်မာနိုင်ငံမှ ကျောင်း သားများ လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို လျှောက် ထားနိုင်ရန် လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရမည် ဖြစ်ကြောင်း၊  နယူးဇီလန် နိုင်ငံသားနှင့် ယင်း နိုင်ငံသူနိုင်ငံသားများနှင့်အိမ်ထောင်ကျနေသူ များ လျှောက်ထား ရန် မလိုအပ်ကြောင်း၊ IELTS ရမှတ် ၅.၅ ရရှိထားသူ များနှင့် အသက် ၄ဝ နှစ်အောက် ကျောင်းသားများ မည်သူ မဆို လျှောက် ထားနိုင်ကြောင်း သိရသည်။ ပညာသင်ဆုလျှောက်ထားသူ များသည် နယူး ဇီလန် နိုင်ငံတွင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကျူရှင်စရိတ်၊ နေထိုင်စား သောက်စရိတ်နှင့် နယူးဇီလန်မှ မိခင်နိုင်ငံသို့ အသွားအပြန် စရိတ်များကို ထောက်ပံ့ပေး မည် ဖြစ်ကြောင်းနှင့် ပညာသင်ကြားချိန် အတွင်း အလုပ်လုပ် ကိုင်နိုင်ရန် ဗီဇာခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်း ပညာသင်ဆု အစီအစဉ်ကို မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊  ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ လည်း ပါဝင်လျှောက် ထားနိုင်ကြောင်းနှင့် နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကုန်သွယ်မှုက စီစဉ်ဆောင်ရွက်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားနိုင်ရန်အတွက် အသေးစိတ်
အစီအစဉ်များကို သိရှိလိုပါက www.aid.govt.nz/funding-and-contracts/scholarships/types-scholarship/new-zealand-asean-scholar-awards  တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။


 http://www.myanmarij.com/

No comments: