ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Tuesday, March 11, 2014

"မဆူနဲ့"


 "မဆူနဲ့"

လူတစ်ယောက် အမြန်လမ်းအတိုင်း ကားမောင်းလာတော့ လမ်းဘေးတစ်နေရာမှာ ဘီးပေါက်လို့ ရပ်ထားတဲ့ ကားတစ်စီးကို လှမ်းတွေ့လိုက်တယ်။
ကိုယ်ဝန်ကြီးနဲ့ အမျိုးသမီးတစ်ယောက်က ပေါက်နေတဲ့ ကားဘီးကို လဲတပ်ဖို့ ကြိုးစားနေရှာတယ်။

နေကပူပူနဲ့၊ အမျိုးသမီးတစ်ယောက် ဒုက္ခရောက်နေတာတွေ့ရတော့ ဘယ်လိုမှ အမြင်မတော်တာနဲ့ အဲဒီကားဘေးမှာ ရပ်လိုက်ပြီး ပေါက်နေတဲ့ ဘီးကို ကူပြီးလဲပေးလိုက်တယ်။
ကားဘီးလဲပြီးတော့ နဖူးက ချွေးတွေကို သုပ်လိုက်ရင်း၊ ကားထဲဝင်ထိုင်နေတဲ့ ဗိုက်ကြီးသယ်ကို လှမ်းအော် ပြောလိုက်တယ်... ...

"ကဲ... အစ်မကြီးရေ၊ ကားဘီးတော့ လဲပြီးပြီဗျို့"

... ဆိုတော့ ဗိုက်ကြီးသယ်က ပြန်ပြောတယ်... ....

"ဟိတ်... ရှုး... တိုးတိုး၊ ကျမယောက်ျား နောက်ခန်းမှာ အိပ်နေတယ်၊ နိုးသွားပ့ါမယ်"... တဲ့။


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

No comments: