"အရက်ဖိုး"
ကျေးညိုတစ်ယောက် သူ့ဘကြီးအိမ်ရောက်လာတယ်။
သူ့ဘကြီးက မေးတယ်... ...
"ဟေ့ကောင် ငမူး... ဘာကိစ္စတုန်း"
"ကျနော့်ကို ပိုက်ဆံ တစ်သောင်းလောက် ပေးပါ ဘကြီး"
"ဘာလုပ်ဖို့တုန်းကွ"
"သမီးကြီးဖျားနေတာ ဆေးခန်းပြဖို့ ပိုက်ဆံမရှိဘူး၊ သားငယ်ကလည်း ကျူရှင်လခမပေးနိုင်လို့ ကျူရှင်မသွားနိုင်ဘူး၊ မိန်းမကလည်း ဈေးဖိုးမရှိလို့ ဆိုပြီး ထမင်းမချက်တော့ ကလေးတွေ ခုထိ ထမင်းမစားရသေးဘူး"
"ဟာ... ကလေးတွေ သနားပါတယ်၊ ကဲ ရော့... ရော့ တစ်သောင်း"
ဘကြီးပေးတဲ့ ပိုက်ဆံလေးလက်ထဲဆုပ်ပြီး ပြန်မလို့ပြင်တော့ သူ့ဘကြီးက သတိပေးတယ်... ....
"ဟဲ့ကောင် ငမူး၊ အဲဒီပိုက်ဆံတွေကို အရက်သောက်မပစ်နဲ့နော်"
ဒီတော့ ကျေးညိုက ပြန်ပြောတယ်... ...
"စိတ်ချပါ ဘကြီးရာ၊ အရက်ဖိုးက ကျနော့်မှာ တစ်သောင်းခွဲလောက် ရှိပါသေးတယ်"
"ငင်..."
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/
No comments:
Post a Comment