ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, January 30, 2014

ဧရာဝတီမြစ်ပေါ်က ကြက်တူရွေး

ဧရာဝတီမြစ်ပေါ်က ကြက်တူရွေး


ဧရာဝတီမြစ်ပေါ်က ကြက်တူရွေး
**********************
ဒီနေရာဟာ ကချင်ပြည်နယ် ဗန်းမော်- ရွှေကူကြား ဧရာဝတီ ဒုတိယ မြစ်ကျဉ်းရဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်တဲ့ ကြက်တူရွေးနှုတ်သီး ရှိရာနေရာပါ။ မြစ်ကျဉ်းရဲ့ ဘေးတစ်ဖက်က ကျောက်ဆောင်ကြီး တစ်ခုမှာ ခုမြင်နေရတဲ့အတိုင်း ကြက်တူရွေးသဏ္ဍန် သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်ဆောင်စွန်းကြီး တစ်ခုပါ။ (ကြက်တူရွေးနဲ့ တူအောင်လည်း ဆေးရောင်လေး ခြယ်ထားပေးတော့ ပိုပြီး တူနေပါတယ်) ဗန်းမော် တစ်လျှောက် ဧရာဝတီမြစ်ပေါ် သင်္ဘောနဲ့ ခရီးသွားသူတိုင်း စိတ်ဝင်တစား စောင့်ကြည့်ကြတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေပြင်ဟာ သာမန် ချိန်တွေမှာ ကြက်တူရွေး သဏ္ဍာန် ကျောက်ဆောင်နဲ့ ခပ်ကွာကွာ အနေအထား ရှိတတ်ပေမဲ့ မြစ်ရေတက်ချိန် မိုးရာသီများမှာ ကြက်တူရွေးနဲ့ ခုလို ထိကပ် နေတတ်ပါတယ်။ ကြက်တူရွေးနှုတ်သီးနဲ့ ဧရာဝတီမြစ်ရေ ထိတွေ့ချိန်ကို ကြက်တူရွေး ရေသောက်ဆင်းတယ်လို့ တင်စား တတ်ကြပြီး အဲဒီအချိန်ဟာ ဧရာဝတီ မြစ်ရေ အတက်ဆုံး အချိန်လည်း ဖြစ်ပါတယ်တဲ့။ သို့သော် ဧရာဝတီမြစ်ရေဟာ ကြက်တူရွေးရဲ့ မျက်စိနားထိ အမြင့်ဆုံး တက်ချိန်လည်း ရှိတတ်ပြီး ကြက်တူရွေး မျက်စဉ်းခတ်တယ်လို့ အဲဒီဒေသက လူတွေက ဆိုတတ်ကြပြန် ပါတယ်။ ပုံထဲမှာ ရေတက်ချိန်တုန်းက ကျန်ခဲ့တဲ့ အရစ်လေးကို ကြက်တူရွေးရဲ့ မျက်စိနားမှာ တွေ့နိုင်ပါတယ်.

No comments: