ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, January 30, 2014

ရေလှောင်တမံ၏ အလယ်မှ ကြီးမားသော အပေါက်

ရေလှောင်တမံ၏ အလယ်မှ ကြီးမားသော အပေါက် (Bell-mouth)

Burmese Treasure
ရေလှောင်တမံ၏ အလယ်မှ ကြီးမားသော အပေါက် (Bell-mouth)
Friday, September 27, 2013
ယခု ပုံမှာမြင်တွေ့ ရတာ ကတော့ အင်္ဂလန်နိုင်ငံတွင် အလိုအလျောက်
ဖြစ်ပေါ်တည်ရှိနေသော ရေလှောင်တမံ၏ အလယ်မှ အပေါက်တစ်ခု ဖြစ်ပါတယ်။အမည်ကတော့ ခေါင်းလောင်း၏ ပါးစပ်နှင့် တူသောကြောင့် Bell-Mouth လို့ အမည်ပေးထား ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေလယ် အပေါက်တစ်ခုလည်း ဖြစ်ပါတယ်။
ရေလှောင်တမံ အတွင်းမှ ရေတွေဟာ ၎င်းအပေါက် အတွင်းသို့
ဒလဟော စီးဝင်လျက် ရှိပါတယ်။ အမှတ်တမဲ့နှင့် ကြည့်လိုက်မယ်ဆိုရင် ရေလယ်ခေါင် ဝဲဂယှက် တစ်ခုလို့ ထင်ရစေနိုင်ပါတယ်။ ဒါကြောင့် လှောင်တမံ အတွင်း ရေတွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။
လူတွေဟာ ၎င်းအပေါက်ကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့သော်လည်း မပိတ်ဆို့နိုင်ခဲ့ပါဘူး။
၎င်းအပေါက်ဟာ ၁၅ ပေကျယ်ဝန်းပြီး ၈၀ ပေနက်တယ်လို့ ဆိုပါတယ်။
တဖြည်းဖြည်းနှင့် ၎င်းအပေါက်ကြီးဟာ ကြီးထွားလာခဲ့ရာ နောက်အချိန်တွင် ရေကန်ကြီး သဖွယ်ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
သို့ပေမယ့် ယခုလက်ရှိမှာတော့ ထူးဆန်းအံသြဖွယ် Bell-mouth အဖြစ် နာမည် ကျော်ကြားလျှက်
ရှိတယ်လို့ ဆိုပါတယ်။
www.yoyarlay.com
Kyaw Lin Naing (yoyarlay.com)

No comments: