ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Friday, January 17, 2014

♥♥ ♥ ခွင့် ပြုပါ ♥♥ ♥ အချစ်အကြွေးဆပ်ပါရစေ ♥ ♥ ♥

 ♥ အရှုံးမရှိချင်ပါဘူးချစ်သူ...


အပြုံးပဲရှိတဲ့ မင်းမျက်နှာကိုမြင်ချင်ခဲ့ တာပါ


ခုချိန်မှာ ကျောက်ရုပ်မဟုတ်တဲ့ 

ငါ...အရည်ပျော်သွားပြီလေ....


နူးညံ့ တဲ့ စကားလုံးတွေနဲ့ ချိုသာတဲ့ မင်းရဲ့ 

အသံ ငါနာခံလို့ မဝနိုင်တော့ ဘူးလေ....



အပြုံးနဲ့ ကြည်နူးနေတဲ့ မင်းမျက်နှာကို ငါ

ထာဝရမော်ဖူးချင်ပါတယ်


ငါ့ ကိုမင်းအနားထာဝရနေခွင့် ပေးပါချစ်သူ.....♥


♥ ..သုံးစားလို့ မရတော့ ဘူးထင်ထားတဲ့ နှလုံးသားက


အသစ်တဖန်နိုးထလို့ ရှင်သန်လာပြီလေ....


ပျော်ရွှင်မှုဆိုတာတွေရှိလာတဲ့ နောက်...မျှော်လင့် ခြင်းဆိုတဲ့ 


ရောင်ခြည်တွေသန်းလာတော့ မှာပါ....♥


♥ ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ


နေခြည်နွေးနွေးလေးနဲ့ ထာဝရလက်တွဲသွားနိုင်ဖို့ 



ငါ အိမ်မက်တွေဆက်မက်လို့ ရပြီလေ...


♥..ချစ်သူရေ..♥


♥ အတိုင်းမသိပျော်ရွှင်ရပါတယ်..


မင်းရဲ့  ဥပေက္ခာကန္တာရအလယ်မှာ ညှိုးလျော်ခြောက်သွေ

့သေဆုံးခါနီးနေတဲ့ 


ငါ့ နှလုံးသားသစ်ပင်ကို မင်းရဲ့  အချစ်ရေစင်နဲ့ ဖျန်းပက်ပေးခဲ့ လို့ ပါ.

...


ချစ်သူ.. မင်းရဲ့ ကျေးဇူးကို


ငါ့ ဘဝနဲ့ ရင်းပြီး..မင်းအနားမှာထာဝရသစ္စာရှိပြီး


ချစ်နေပါ့ မယ်ဆိုတဲ့ ကတိနဲ့  ငါ မင်းကျေးဇူးကို..

ဆပ်ပါရစေချစ်သူ...♥ ♥ ♥


No comments: