အလွမ်းနေ့ စွဲတွေကိုဆွဲဆန့် ထားသလိုပဲ
ပြန်ဆုံဖို့ ရက်စွဲတစ်ခုဟာ
ပြက္ခဒိန်ပေါ်မှာ ရှာလို့ မတွေ့ သေးပါဘူး
ပျံသန်းဖို့ အားယူခဲ့ တဲ့ တောင်ပံတွေမှာလဲ
မျက်ရည်တွေနဲ့ စွတ်စိုလေးလံနေတယ်
အချစ်ရေ....
ဘာမှမသိမျှော်နေရတဲ့ ဘ၀မှာ
ကိုယ်နဲ့ မင်းကတနေရာဆီ
ဒါပေမဲ့ ....
ရင်ထဲမှာသေခြာခြင်းတွေနဲ့ 
တုပ်နှောင်ထားတဲ့ ကြိုးစလေး
တိုးလို့ နှောင်ရစ်ပါရစေ
ကြိုလင့် လက်ကမ်းနေမဲ့ လက်တစုံဟာ
ပြေးပြန်လာမဲ့ ခြေလှမ်းတွေအတွက်
အားဆေးတခွက်ပါပဲ
အခုချိန်မှာ ရှင်သန်နေတဲ့ အချစ်သစ်ပင်လေးက
အလွမ်းပန်းတွေဝေစည်
ကိုယ့် မျက်ဝန်းမှာလဲမျက်ရည်သီသီဝေ့ လို့ 
ရင်နင့် အောင်ခံစားရတယ်ကွာ
တနေ့ နေ့ မှာ.....
ကိုယ်တို့ ရိတ်သိမ်းနိုင်ရမှာပေါ့ 
အဲဒီအလွမ်းပန်းတွေကိုပေါ့ ချစ်သူ
အဲဒီအချိန်ရောက်ရင်....
အလွမ်းပန်းတွေကို အနမ်းပန်းနဲ့ ဖုံးအုပ်
ကိုယ်တို့ ရဲ့ အချစ်ရိပ်မြုံလေးထဲမှာ...
Read more: http://nyeinchan-com.webnode.com/news/%e1%80%80%e1%80%97%e1%80%ba%e1%80%ac/
Create your own website for free: http://www.webnode.com
No comments:
Post a Comment