ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Tuesday, April 26, 2016

ယောက်ျားလေးတွေဆီက မိန်းကလေးတွေတကယ်လိုချင်တဲ့အရာများ

ယောက်ျားလေးတွေဆီက မိန်းကလေးတွေတကယ်လိုချင်တဲ့အရာများ
======================

ယောက်ျားလေးတွေဆီကနေ Relationshipတစ်ခုမှာ မိန်းကလေးတွေက ဘာလိုချင်လေ့ရှိပါသလဲ။ သင့်မှာရည်းစားရှိရင်ပဲဖြစ်ဖြစ် မရှိရင်ပဲဖြစ်ဖြစ် သင်ဟာ ယောက်ျားလေးတစ်ယောက်ဆိုရင် သိထားသင့်ပါတယ်။

(၁) သူမကိုလေးစားတဲ့ယောက်ျား

မိန်းကလေးတွေလည်း သင့်လိုပါပဲ။ သူတို့ကိုလေးလေးစားစားဆက်ဆံတာခံချင်ကြပါတယ်။ မလေးမစားနဲ့ လိုမှသုံးတာ
မျိုးကိုဘယ်လိုမိန်းကလေးမျိုးမှမလိုချင်ပါဘူး။ တစ်ခါတစ်လေ အရမ်းချစ်လို့ မပြောပဲ သည်းခံတာသာရှိပါမယ်။ အားလုံး
ကတော့ကိုယ့်ချစ်သူက လေးလေးစားစားဆက်ဆံတဲ့ မိန်းကလေးပဲဖြစ်ချင်ကြပါတယ်။


(၂) သူမကို တကယ်ချစ်မြတ်နိုးသူ

သင်က သင့်ကောင်မလေးကို တကယ်ချစ်ရင် သင်ချစ်ကြောင်းကို သူမသိအောင်လုပ်ပါ။ မိန်းကလေးတွေဟာချစ်သူ
ကောင်လေးရဲ့ ချစ်ခင်ယုယမှုကို အချိန်တိုင်းလိုချင်ကြပါတယ်။ သင့်ရဲ့အချိုးတွေပြောင်းသွားရင်တောင် သင်မချစ်တော့ဘူးလားထင်တတ်ကြပါတယ်။ သင်တကယ်ချစ်ရင် သူမမြင်အောင်ပြပါ။

(၃) သူမကိုကာကွယ်နိုင်တဲ့ယောက်ျား

ရန်ဖြစ်ရင် အရင်ထွက်ပြေးမယ့် ယောက်ျားမျိုးတော့ ဘယ်လိုမိန်းကလေးမျိုးမှ မလိုချင်ကြပါဘူး။ မိန်းကလေးတွေဟာဘယ်လောက်ပဲ သူတို့ကိုသူတို့အားကိုးတယ်ပြောပြော တကယ်တော့ အားကိုးတတ်ကြတာချည်းပါပဲ။ သူတို့ကိုသင်
ကာကွယ်ပေးတာလိုချင်ပါတယ်။ တစ်လောကလုံးနဲ့သူမရန်ဖြစ်ရင်တောင် သင်သူမဘက်ကပါပေးတာကိုပဲ လိုချင်ကြ
ပါတယ်။

(၄) “သူမ”မော်ကြည့်ရတဲ့သူ

အရေးရယ်အကြောင်းရယ်ဖြစ်လာတိုင်း သူမကချည်းပဲ ရှေ့ကရင်ဆိုင်ရပြီး သင်ကကလေးတစ်ယောက်လိုဖြစ်နေရင်
တော့ အဲ့ဒိလိုအခြေအနေမျိုးကိုကြိုက်တဲ့မိန်းကလေး အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ များသောအားဖြင့်တော့ မိန်းကလေး
တွေဟာ စိတ်ဓာတ်ကျရင်တောင် ချစ်သူကိုမော်ကြည့်ပြီး အားကျအတုယူကာ ဘဝခရီးကိုဆက်လျှောက်ချင်သူတွေပါ။
သင့်ရဲ့အလေ့အကျင့်၊ စရိုက်၊ စေတနာ၊ ဖြူစင်မှု၊ ကြိုးစားမှုတွေကို အားကျချင်သူပါ။

(၅) သူမယုံပြီးအားကိုးရသူ

တစ်လောကလုံးနဲ့ဆန့်ကျင်ပြီး သင့်ကိုသူမယုံထားရင် သူမရဲ့ယုံကြည်မှုတွေကို မဖျက်စီးမိပါစေနဲ့။ မိန်းကလေးတစ်
ယောက်က အခြားလူတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ယုံလေ့မရှိပါဘူး။ သူတို့ရဲ့နောက်ကျောကိုဓားထိုးမယ့်သူ
ဘယ်တော့မှ မဖြစ်ပါစေနဲ့။ သူတို့အားကိုးရတဲ့သူ သူတို့စိတ်ချရတဲ့သူဖြစ်ပါစေ။

(၆) ရည်မှန်းချက်ရှိတဲ့ယောက်ျား

မိန်းကလေးတစ်ယောက်သင့်ကိုချစ်ဖို့ သင်ချမ်းသာနေစရာမလိုပါဘူး။ ဒါပေမယ့် သူမနဲ့အတူ အနာဂတ်ကိုဖြတ်သန်း
နိုင်ဖို့ အစီအစဉ်၊ရည်မှန်းချက်ရှိသူတော့ဖြစ်ဖို့လိုပါတယ်။တကယ်လည်း အကောင်အထည်ဖော်နိုင်သူတစ်ယောက်ဖြစ်
ဖို့လိုပါတယ်။

မိန်းကလေးတွေ အားကိုးလောက်တဲ့ယောက်ျားကောင်းတွေဖြစ်ကြပါစေ။

Direct Download: http://myapp.com.mm/appstore/meet/
Google Playstore Download: https://play.google.com/store/apps/details…
or visit the Website http://meet.com.mm

“ ဒီလိုအချစ်ရေးနဲ့ပက်သက်တဲ့ဆောင်းပါးများစွာကို
http://www.shwemom.com/category/loverelationship/ မှာဖတ်ရှုနိုင်ပါတယ်

No comments: