မေ့လျော့နေသော
သမိုင်းထဲက ပညာရှိတစ်ဦး(သို့မဟုတ်) အဝေးရောက် ဦးအောင်ကြီး။။ ။။
အဝေးရောက်ဦးအောင်ကြီးကို ၁၂၁၅ ခုနှစ် နတ်တော်လဆုတ် ၂ ရက်နေ့တွင်
မွေးဖွားခဲ့ပါသည်။ မင်းတုန်းမင်းလက်ထက်တော်တွင် နေမျိုးဇေယျကျော်ခေါင်
ဘွဲ့ထူးကိုလည်းကောင်း၊ သီပေါမင်းလက်ထက်တွင်
နေမျိုးမင်ထင်ကျော်ခေါင် ဘွဲ့ထူးကိုလည်းကောင်း၊
အင်္ဂလိပ်လက်ထက်တွင်လည်းကောင်း၊ ဂျပန်လက်ထက်တွင်လည်းကောင်း မြန်မာပြည်တွင်
ကိုယ်တိုင်နေထိုင် တွေ့ကြုံလျက် ပညာဂုဏ်ပြသလာခဲ့သဖြင့် မင်း ၄ ဆက်မှီသော
မြန်မာပညာရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါသည်။ မြန်မာစာပေ အလင်္ကာ၊
ကဗျာတို့တွင် တတ်မြောက်ကျွမ်းကျင်ပြီး ဗမာ့မျိုးချစ်
ဂျပန်တော်လှန်ရေးသမားများကိုလည်း ကူညီစောင့်ရှောက်ခဲ့သူ ဖြစ်သည်။ ထိုသို့
ကဗျာအလင်္ကာတွေ ရေးသားရင်း ပညာရှိ အဝေးရောက်မင်း ဦးအောင်မင်းသည်
တော်သလင်းလဆုတ် ၂ ရက်နေ့တွင် ရွှေဘိုမြို့၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
်

No comments:
Post a Comment