ကမ္ဘာပေါ်မှာ အဖြေရှာရခက်တဲ့ပဟေဠိ ဆန်တဲ့
နေရာဒေသတွေများစွာရှိတဲ့နေရာများစွာ အနက်မှ အခုတင်ပြချင်တဲ့
နေရာကတော့ ချီလီနိုင်ငံပိုင်နက်ထဲမှ အီစတာကျွန်း (easter
island) ပေါ်မှ မွိုင် (Moai)ခေါ် ကြီးမားတဲ့ရုပ်ထုကြီးတွေ
အကြောင်းပါ။
တစ်ချိန်က အီစတာကျွန်းသည် လူသူအရောက်အပေါက်နည်း
သောအထီးကျန်ဒေသတစ်ခုပါ။ ပစိဖိတ်သမုဒ္ဒရာ အတွင်းတည်ရှိ
သည့် ကျွန်းငယ်တစ်ခုပါ။ အနီးဆုံးဟု ဆိုရမည့် ပိုလီနီးရှန်းကျွန်းစု
များနှင့်ပင် သမုဒ္ဒရာကြီး ခြားလျက်နေပါတယ်။
ကျွန်းဟာ မီးတောင်ကျွန်းဖြစ်ပြီး ကျွန်းပေါ်တွင်မီးတောင် သုံးလုံးရှိပါ
တယ်။ရာနိုကော့ |မောင်ဂါတယ်ရီဗာကာ|ကတီကီဟူသည့် မီးတောင်များရှိပါတယ်။
ထိုသို့ သောကျွန်းပေါ်မှာလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက
ကြီးမားလှသော ကျောက်ရုပ်ထုကြီးများကို တွေ့ရှိကြရပါတယ်။
တစ်နေရာတည်းတွင်မဟုတ်ပဲ ကျွန်းအနှံအများအားဖြင့်ကမ်းခြေ
တစ်လျောက် ရုပ်တုကြီးများကို တွေ့ရတာပါ။
ထိုကျောက်ရုပ်တုကြီးများကို အဝါရောင်မီးတောင်ကျောက်တုံးများ
ဖြင့်ထုလုပ်ထားပါတယ်။ဒေသခံတို့ ၏အခေါ်ဖြင့် မွိုင် (Moai)ဟု
ခေါ်ကြပါတယ်။
တစ်ကျွန်းလုံးအနှံ ၁၂ ပေမှ ၁၅ ပေမြင့်သော ကျောက်ရုပ်ကြီးပေါင်း
၁၀၀၀ ခန့်ရှိပါတယ်။ယခုလက်ရှိမှတ်တမ်းတင်ထားသည်မှာ ၈၈၇ ခုရှိပါသည်။
ကျောက်ရုပ်တစ်ခုတွင် ပျမ်းမျှအလေးချိန်
တန် ၂၀ ခန့်လေးပါတယ်။အကြီးဆုံးကျောက်ရုပ်တုကြီးဆိုလျှင်
၃၃ ပေခန့်မြင့်ပြီး ၈၂ တန် အထိလေးပါတယ်။ထိုရုပ်တုကြီးအား Paro ဟုခေါ်ကြသည်။
ထု၍မပြီးသေးသော တစ်ပိုင်းတစ်စ ရုပ်တုကြီးတစ်ခု မှာ ကျွန်းပေါ်ရှိ
အကြီးဆုံးရုပ်တု ထက် နှစ်ဆမျှ ကြီးပါတယ်။ထိုရုပ်တုကြီးပြီးစီးလျှင်
21 metres (69 ပေ) အထိရှိမည်ဟု ခန့်မှန်းကြသည်။
ခေတ်သစ်တွင် ကျွန်းပေါ်သို့စတင်တွေ့ရှိရောက်ခဲ့သူကတော့
၁၉၁၄ တွင်ရောက်ရှိခဲ့သည့် အင်္ဂလိပ်အမျိုးသမီး Katherine
Routledge ဆိုသူဖြစ်ပါသည်။
ထို့နောက်ပိုင်းနှစ်များတွင် ကျွန်းပေါ်သို့ သုတေသနပညာရှင်များရောက်
လာကာ ကျောက်ရုပ်ကြီးများနှင့်ပတ်သက်၍ သုတေသနပြုခဲ့ကြပါတယ်။
သည်ရုပ်ထုကြီးများကို မည်သူတွေထုလုပ်ခဲ့ကြပြီး မည်သည့်ရည်ရွယ်
ချက်ဖြင့် ထုလုပ်ခဲ့ကြသလဲ။ အဆင့်မြင့်သော ရုပ်တုထုလုပ်ခြင်းအတက်
ကိုမည်သို့ တက်မြောက်ပြီး နောက်ပိုင်း ဘာကြောင့်ပျောက်ကွယ်ခဲ့ကြ
သလဲ။ရုပ်တုတစ်ခုအတွက် လူအင်အားဘယ်လောက်သုံး၍အချိန်ဘယ်လောက်ကြာခဲ့သလဲ။
ထိုရုပ်တုများထုလုပ်ပြီးစီးချိန်တွင် လက်ရှိနေရာသို့ မည်သို့ သယ်ဆောင်
ခဲ့ကြပါသလဲ။စသည်ဖြင့် မေးခွန်းပေါင်းများစွာကို ဖြေရှင်းနိုင်ဖို့ ကြိုးစား
ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည့်စုံမှန်ကန်တဲ့ အချက်အလက်များကိုတော့
ယနေ့အချိန်အထိ မတွေ့ကြရသေးပါဘူး။
ရေဒီယိုကာဗွန်နည်းဖြင့် သက်တမ်းစမ်းစစ်မှုအရ ကျောက်ရုပ်တုများထု
လုပ်ကြခြင်းသည် ၁၆၅၀ ပြည့်နှစ်ခန့်တွင် လုံးဝရပ်ဆိုင်းသွားကြောင်း
တွေ့ရပါတယ်။
ကျွန်းပေါ်ရှိဋ္ဌာနေတိုင်းရင်းသားများ၏ ဒဏ္ဏာရီပုံပြင်များကလည်း ထူးဆန်းလှပါတယ်။
မည်သို့ ဆိုစေ အီစကာကျွန်းပေါ်မှ မွိုင်ကျောက်ရုပ်ကြီးများကတော့
ထူးဆန်းမှုများ ပဟေဠိ များဖြင့် ခရီးသွားများကို ဖိတ်ခေါ်နေပါတယ်။
ရုပ်တုကြီးများတော်တော်များများဟာ ကောင်းကင်ကိုမော့ကြည့်နေဟန်ထုလုပ်ထားတာလည်း
အသိရခက်တဲ့ပဟေဠိ ပုစ္ဆာ တစ်ခုပင်ဖြစ်ပါတော့သည် ။
Source from : wiki

No comments:
Post a Comment