ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Monday, July 28, 2014

ငါး သုံးကောင်

ငါး သုံးကောင်
==========

တစ်ခါက ရေကန်ကြီးတစ်ကန်ကို လာပြီး ငါးဖမ်းသူ တံငါသည်တစ်ယောက်ရှိပါတယ်။ သူဟာနေ့စဉ် အဲ့ဒီကန်ထဲမှာ ငါးတွေ လာဖမ်းနေကျဆိုပါတော့။

အဲ့ဒီ ကန်ထဲမှာနေထိုင်တဲ့ ငါးတွေထဲမှာရှိတဲ့ ငါး ၃ ကောင်းဟာ၊ အခြားသော ငါးတွေထက် အသိဥာဏ်ပိုရှိပါသတဲ့။

တစ်နေ့တော့ ငါးဖမ်းသမားရဲ့ ပိုက်ကွန်က အဲ့ဒီ ငါး ၃ ကောင် ဖမ်းမိသွားပါတော့တယ်။ ပြီးတော့ လှေပေါ်ကိုရောက်သွားပါတယ်။

အဲ့ဒီမှာ ငါး ၃ ကောင်ဟာ ငါတို့ ဘယ်လိုလွတ်အောင် လုပ်ကြမလဲ၊တိုင်ပင်ပါသတဲ့။ 

ပထမ ငါးကတော့ "ငါကတော့ ကံကိုပဲယုံလိုက်တော့မယ်ကွာ"တဲ့

ဒုတိယ ငါးကတော့ "ငါကတော့ ဒီလှေပေါ်က လွတ်အောင် အသက်မသေသေးသရွေ့ ကြိုးစားနေမယ်" တဲ့

တတိယ ငါးကတော့ "ငါကတော့ အခြေအနေကိုစောင့်နေမယ်" ဆိုသတဲ့။

လှေပေါ်မှာ ငါးဖမ်းသမားရဲ့ ဇနီးလည်းပါလာလေတော့ ငါးဖမ်းသမား ဖမ်းမိသမျှငါးတွေကို ပိုက်ကွန်ကနေဖြုတ်တဲ့အခါမှာ

ပထမငါးကတော့ သူ့ကံပဲလေဆိုပြီး စိတ်ပိုင်းဖြတ်ထားလေတော့ ပိုက်ကွန်ကဖြုတ်ပြီး ပလိုင်းထဲထည့်ခံလိုက်ရသတဲ့

ဒုတိယငါးကတော့ သူ့အလှည့်မရောက်ခင်မှာ ခုန်ထွက်ဖို့ကြိုးစားနေလေတော့ ငါးဖမ်းသမားရဲ့ဇနီးက လွတ်သွားမှာစိုးလို့ သူ့ကိုအရင် ခေါင်းကိုထုပြီး သတ်လိုက်လေသတဲ့။

တတိယငါးကတော့ သေချင်ယောင်ဆောင်နေတယ်။ ငါးဖမ်းသမားရဲ့ ဇနီးကလည်း သေပြီထင်ပြီး (အခြားအသက်ရှင်နေသေးတဲ့ ငါးတွေလို့မဟုတ်ဘဲ) ပိုက်ကွန်ကနေ အလွယ်တကူဖြုတ်လိုက်တဲ့ ခဏလေးအချိန်မှာပဲ ငါးဖမ်းသမားရဲ့ ဇနီးသည်လက်ထဲကနေ အားကုန်ခုန်ထွက်ပြီး ရေကန်ထဲကို ခုန်ဆင်းသွားပြီး အသက်ချမ်းသာရာ ရသွားပါသတဲ့။

No comments: