လင်းပိုင်ဟု ဆိုလိုက်လျှင် ပြုံးချိုသော မျက်နှာလေးများရှိပြီး
လူသားများနှင့် ယဉ်ပါး ကျွမ်းဝင်တတ်သည့် ရေနေ သတ္တဝါလေးများကို ချက်ချင်း
မြင်ယောင်မိကြမည် ဖြစ်သည်။
သို့သော်လည်း အဆိုပါ ချစ်စရာ လင်းပိုင် လေးများသည် ခိုင်မာမှု မရှိလှသည့်
အကြောင်းပြချက် တစ်ခုကြောင့် ၎င်းတို့ ခင်မင်ရင်းနှီး ကျွမ်းဝင် လိုသည့်
လူသားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ကြုံတွေ့ နေရခြင်းမှာ
ဆိုးရွားလှသည့် ဝဋ်ကြွေးတစ်ခု အဖြစ် ယူဆရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်
တောင်အမေရိက တိုက်ရှိ ပိရူးနိုင်ငံမှ ငါးမန်းဖမ်း ရေလုပ်သားများသည်
၎င်းတို့အနီး ချဉ်းကပ်လာသည့် လင်းပိုင်များကို ဆွဲယူ သတ်ဖြတ်လေ့
ရှိခြင်းကြောင့် ဖြစ်သည်။ လင်းပိုင် ချစ်သူများအတွက် ပို၍
ရင်နာစရာကောင်းသော အချက်မှာ ထိုသို့ သတ်ဖြတ်ခြင်းသည် ငါးမန်းမျှားရန် အတွက်
အလွယ်တကူ ရရှိလာသည့် လင်းပိုင်များဖြင့် အစားထိုး
ဆောင်ရွက်နေကြခြင်းကြောင့် ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ပိရူးအစိုးရက
လင်းပိုင်များကို သတ်ဖြတ်ခွင့် မရှိဟု ဥပဒေ ထုတ်ပြန်ထားသော်လည်း
၎င်းတံငါသည်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည့်ပြည့်ဝဝ အကာအကွယ်
မပေးနိုင်ခဲ့ပေ။
ပစိဖိတ် သမုဒ္ဒရာ၏ ရေလှိုင်းများကြားတွင် စက်လှေနား ချဉ်းကပ်လာသည့် လင်းပိုင်
လေးတစ်ကောင်ကို စူးရှ ထက်မြက်သည့် မှိန်းတံဖြင့် ပစ်ခတ် သတ်ဖြတ်နေသည့်
ငါးဖမ်း လုပ်သားတစ်ဦး၏ မှတ်တမ်း ဓာတ်ပုံ များသည် ၎င်းဒေသရှိ လင်းပိုင်များ၏
ချောက်ချား ကြေကွဲစရာ ဘဝကို နိမိတ် ထင်ဟပ်စေခဲ့သည်။ လူသား များကို
ခင်မင်ရင်းနှီးဟန်ဖြင့် ပျော်မြူးစွာ ချဉ်းကပ်လာသည့် လင်းပိုင်လေးများသည်
ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်သည့် မှိန်းတံ၏ လက်ချက်အောက်တွင်
ဆိုးဆိုးဝါးဝါး ဝေဒနာ ခံစားရပြီး အသက်ပျောက် သွားလေ့ ရှိသည်။
ထို့နောက်တွင်မူ ငါးမန်းဖမ်း ရေလုပ်သားများက အူအခွေလိုက် ထွက်ကျလာသည့်
လင်းပိုင်ကို လှေပေါ်သို့ ဆွဲတင်လိုက်ကြသည်။ ယင်းနောက် ရရှိလာသည့်
လင်းပိုင်ကို ခုတ်ထစ်ကာ ငါးမန်းများကို ဆွဲဆောင်သည့် ငါးစာအဖြစ် ပြန်လည်
အသုံးပြုကြခြင်း ဖြစ်သည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သတင်း မှတ်တမ်းရယူရန်
ငါးဖမ်း စက်လှေပိုင်ရှင်နှင့် ညှိနှိုင်း၍ လှေပေါ်လိုက်ပါသည့် Daily Mail
သတင်းဌာန၏ အယ်ဒီတာ တစ်ဦးဖြစ်သူ ဂျင်မ်ဝစ်ကန်စ်က 'မှိန်းထိသွားတဲ့
လင်းပိုင်က ကြောက်အားလန့်အားနှင့် ရေကူးပြီး ပြေးပါတယ်၊ ဒါပေမဲ့
မှိန်းနောက်မှာ တွဲချည်ထားတဲ့ ကြိုးကြောင့် အဝေးကြီးတော့ မရောက်ခဲ့ပါဘူး၊
ယင်းနောက်မှာတော့ သွေးအလူးလူးနဲ့ သေအံ့မူးမူး ဖြစ်နေသော လင်းပိုင်ကို
လှေနား ကပ်ဆွဲပြီး သံမဏိ ချိတ်ကောက်ကြီးဖြင့် ခေါင်းကို ဖောက်ချိတ်၍
ဆွဲတင်လိုက်တော့ တာပါပဲ၊ ဒဏ်ရာကနေ အူတွေ အခွေလိုက် ထွက်ကျနေတာကို
ကျွန်တော်မြင်တယ်၊ သူသေသွားပြီလို့ ထင်ပေမဲ့ သင်္ဘော ကုန်းဘက်ပေါ်မှာ
တွန့်လိမ် အကြောဆွဲ နေတုန်းပါပဲ' ဟု ဂျင်မ်က စိတ်မကောင်းခြင်း ကြီးစွာနဲ့
ပြောကြားခဲ့သည်။
''ကျွန်တော်ဟာ ကမ်းခြေကနေ ကီလိုမီတာ ၁ဝဝ လောက် အကွာက ငါးဖမ်းလှေပေါ်
ရောက်နေတယ်၊ လှေနား တစ်ဝိုက်မှာတော့ တခြား တံငါလှေ အများအပြားကိုလည်း
တွေ့ရပါတယ်၊ တံငါသည်များ အနေဖြင့် လင်းပိုင်များနှင့် ပတ်သက်ပြီး ၎င်းတို့၏
လုပ်ရပ်ကို သာမန်လို့ပဲ သဘောထားကြောင်း၊ ၎င်းလုပ်ရပ်နှင့် ပတ်သက်ပြီး
ကျွန်တော်တို့က စက်ဆုပ်တဲ့ အမူအရာမျိုး ပြလိုက်ရင် ကျွန်တော်တို့ အတွက်
အန္တရာယ် များသွားမှာ စိုးရိမ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏
လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကျွန်တော်နှင့် ဓာတ်ပုံ ဆရာတို့က အမိအရ
ဓာတ်ပုံရိုက်ကူးပြီး ကမ္ဘာက သိအောင် ဆောင်ရွက်ပေးဖို့ပဲ
လုပ်ဆောင်ခဲ့ပါကြောင်း'' ဟု ဂျင်မ်က ပြောကြားခဲ့သည်။ ပိရူး တံငါသည်တို့၏
ဒေသ အခေါ်အဝေါ်အရ လင်းပိုင်များကို ပင်လယ်ဝက်ဟု အမည် ပေးထားကြောင်း၊
၎င်းလင်းပိုင်များ၏ ခန္ဓာကိုယ်တွင် သွေး အမြောက်အမြား ဖွဲ့စည်းပါရှိရာ
သွေးညှီနံ့ ကြိုက်သည့် ငါးမန်းများ အတွက် အကောင်းဆုံး ဆွဲဆောင်မှုလည်း
ဖြစ်နေသည်။
ဂျင်မ်လိုက်ပါလာသည့် လှေပေါ်မှ လှေသူကြီးက ၎င်းတို့၏ လုပ်ရပ်သည် ဥပဒေမဲ့
လုပ်ရပ် ဖြစ်သည်ကို သိရှိ ထားသော်လည်း လိုအပ်၍ လုပ်ဆောင်နေခြင်းသာ
ဖြစ်သည်ဟု ခံယူချက် ထားသည်ကိုလည်း တွေ့ရှိ ရသည်။ ထို့ပြင် အဆိုပါ
ငါးဖမ်းလှေများသည် တစ်နှစ်လျှင် ပင်လယ်ပြင်သို့ (၁၂) ကြိမ်ခန့် ငါးဖမ်းထွက်
ကြောင်း တစ်ကြိမ်လျှင် လင်းပိုင် အကောင်ရေ နှစ်ကောင်မှ သုံးကောင် အထိ
ဖမ်းဆီး သတ်ဖြတ်လေ့ ရှိပြီး ရာဂဏန်းထိ ရှိသည့် ငါးမန်းများကို ဖမ်းဆီးနေ။

No comments:
Post a Comment