မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ်
ဖွင့်လှစ်သည့် ပုဂ္ဂလိက လေယာဉ် မောင်းသင်တန်းဖြစ်သော မြန်မာ့ လေကြောင်း
အကယ်ဒမီ (Myanmar Aviation Academy) သင်တန်းတွင် အသုံးပြုမည့် (Diamond
DA-40NG) လေယာဉ် ၃ စီးြ
မန်မာပြည်သို့ ရောက်ရှိခဲ့ပြီး လေယာဉ်မောင်း
သင်တန်းကို လာမည့် ဇွန်လတွင် စတင် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ရောက်ရှိလာသည့် လေယာဉ်အသစ်များ၊ သင်တန်း ပို့ချမည့် အစီအစဉ်များနှင့်
ပတ်သက်ပြီး စာနယ်ဇင်း တွေ့ဆုံပွဲ ကို မတ် ၁၉ ရက်၊ နံနက်ပိုင်းက မင်္ဂလာဒုံ
လေဆိပ်ရှိ Season’s Hotel တွင် ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာမှ
တာဝန်ရှိသူများ လေယာဉ်မောင်း သင်တန်းဆရာများ လေယာဉ်မှူးများ
တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် Chairman
ဦးကြည်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် ယခု သင်တန်း သည်
မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ဘူးသေး သည့် မြို့ပြ လေယာဉ်မောင်း
သင်တန်းကျောင်း တစ်ကြောင်း ဖြစ်ကြောင်း၊ လူငယ် တော်တော်များများလည်း
စိတ်ဝင်စားမှု ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် ပြည်တွင်း
ပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်း ၆ လိုင်းရှိကြောင်း၊ နိုင်ငံတကာ
ခရီးစဉ်များကို ပြေးဆွဲနေ သည့် လေကြောင်း လိုင်း ၂ ခုရှိကြောင်း၊ လောလောဆယ်
တွင် လေကြောင်းလိုင်း ၈ ခု ရှိကြောင်း၊ နောက်ထပ် လေကြောင်းလိုင်း ၃ လိုင်း
ထပ်မံ တိုးချဲ့ရန် အစီအစဉ်များလည်း ရှိကြောင်း၊ ထို
လေကြောင်းလိုင်းများတွင် လက်ရှိ အခြေအနေ အရ လက်ထောက် လေယာဉ်မှူး များ
များစွာ လိုအပ်နေ ကြောင်း၊ လေယာဉ်မှူးများလည်း လိုအပ်လျက် ရှိနေကြောင်း၊
အပြည်ပြည် ဆိုင်ရာ လေကြောင်း အဖွဲ့အစည်းမှ သတ်မှတ်ထားချက် အရ သင်တန်း သား
ဦးရေသည် ၂၄ ယောက်ကိုသာ လက်ခံ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ထူး
ဖောင်ဒေးရှင်းကလည်း နှစ်စဉ် သင်တန်းသား ၁ဝ ဦးကို စကောလားရှစ် ပေးမည့်
အစီအစဉ်ရှိကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ မြန်မာ လူငယ်မောင်မယ်များတွင်
အလွန် ထက်မြက်ကြသော်လည်း၊ စီးပွားရေး မပြေလည်သည့်အတွက် ယခု သင်တန်းမျိုးကို
မတက်ရောက်နိုင် ကြကြောင်း၊ သင်တန်းကြေးသည် အမေရိကန်ဒေါ်လာ ၆ သောင်းခွဲ
ဖြစ်သည့် အတွက် အလွန် များပြားသည့် ငွေပမာ ဏဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ
လူငယ်မောင်မယ်များ လေယာဉ်မှူးများ ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
စသည်ဖြင့် ပြောကြားပါသည်။
ထို့နောက် သင်တန်းကျောင်း အုပ်ကြီး
ဦးထွန်းမြင့်က သင်ကြားမှု အပိုင်းနှင့် ပတ်သက်သည့် အချက်အလက် များကို
ရှင်းလင်း ပြောကြားရာတွင် မိမိတို့သည် နိုင်ငံတကာတွင် လေယာဉ်မှူး
သင်တန်းကို သွားရောက် သင်တန်း ပေးခဲ့သူ များ ဖြစ်ကြောင်း၊ လေယာဉ်
မောင်းနှင်ရာတွင် ဘေးကင်း လုံခြုံမှုရှိစေရန် အလွန် အရေးကြီး ကြောင်း၊
မိမိတို့အနေဖြင့် လေယာဉ်များကို ဝယ်ယူရာတွင်သင်တန်းအတွက် စိတ်ချရမှု
ရှိ/မရှိ ကြည့်ရကြောင်း၊ လေယာဉ်ပေါ်ရှိ အသုံးပြုရမည့် ပစ္စည်း ကိရိယာ များကို
စနစ်တကျ သင်ကြားရကြောင်း၊ လေယာဉ် ၁ စီးလုံး၏ အစိတ်အပိုင်း များကို
သိသင့်ကြောင်း၊ လေထုထဲ တွင် ပျံသန်းမည့်နည်းစနစ်များကို လည်း စနစ်တကျ
သင်ကြား ရသည့်အပြင် လေကြောင်း ဥပဒေကို သိသင့်သလို၊ မြန်မာပြည်မှ
ပျံသန်းလျှင် မြန်မာနိုင်ငံ၏ လေကြောင်း ဥပဒေကို သိသင့်သကဲ့သို့
ကမ္ဘာ့လေကြောင်း ဥပဒေ များကိုလည်း သင်ကြားရမည် ဖြစ်ကြောင်း၊
လေယာဉ်မှူးတစ်ဦးဖြစ်ရန် လေယာဉ်ပျံအကြောင်း၊ ဥပဒေ အကြောင်း၊
ရာသီဥတုအကြောင်းနှင့် မိမိ၏ ကျန်းမာရေး အခြေအနေကိုပါ သိထားရမည်
ဖြစ်ကြောင်း၊ ကျန်းမာရေး မကောင်းသောသူသည် လေထုထဲ တွင် အချိန်ကြာရှည်နေပါက
လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့
သင်ကြားမည့် သင်တန်းသည် လေယာဉ်မှူး တစ်ယောက်အတွက် မသိမဖြစ်သော
ပညာရပ်များကို တိတိကျကျ သင်ကြား ပို့ချခြင်း ဖြစ်ကြောင်း စသည်ဖြင့်
ရှင်းလင်း ပြောကြားပါသည်။
ဆက်လက်၍ ဝယ်ယူရောက်ရှိ လာသည့် လေယာဉ် ၃
စီး၏ အသုံး ပြုနိုင်သည့် အချက်အလက် ပါဝင်သော စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်း
စသည့်တို့အား နည်းပြချုပ် လေယာဉ်မှူး ဦးသန့်ဇော်က ရှင်းလင်းပြောကြား
ရာတွင် မိမိတို့ကျောင်း သို့ ရောက်ရှိလာသော လေယာဉ် ၃ စင်းကို သြစတြီးယား
(Austria) နိုင်ငံ Diamond Aircraft Industries က ၁၉၉၇ ခုနှစ်တွင်
ထုတ်လုပ်သည့် လေယာဉ် ဖြစ်ပြီး လေယာဉ် အမည်မှာ Diamond DA-40 NG
ဖြစ်ကြောင်း၊ အင်ဂျင် အမျိုးအစားမှာ AE 300 Aystro Engine တပ်ဆင်ထားပြီး
အင်ဂျင်ပါဝါ ၁ဝဝ ရာခိုင်နှုန်း 123.5 Kilowatt (165 HP) max 5 min ရှိပြီး
အမြန်နှုန်း 75% 150 Knots မောင်းနှင်နိုင်ပြီး ပြန်တက် ရန် လိုအပ်သည့်
လမ်းအရှည်မှာ ၁၁၇၄ ပေ နှင့် ဆင်းသက်ရန် လိုအပ်သည့် ပြေးလမ်းမှာ ၁၁၅၅ ပေ
ရှိရမည်ဖြစ် သည်ဟု ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသည့်
ဧည့်သည်တော်များနှင့် သတင်း မီဒီယာများအား ရန်ကုန် အပြည်ပြည် ဆိုင်ရာ
လေယာဉ်ကွင်း အတွင်း ရောက်ရှိနေသော လေယာဉ်မှူး သင်တန်းသုံးမည့် လေယာဉ်သစ် ၃
စီးအား လိုက်လံပြသ ခဲ့ပါသည်။ လေယာဉ်မှူး သင်တန်းတွင် စာတွေ့၊ လက်တွေ့
သင်ကြားမှုများကို လာမည့် ဇွန်လမှ စတင်၍ ပုသိမ်မြို့တွင် စတင်
သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
http://www.myanmarij.com
No comments:
Post a Comment