“ကျန်တော်တို့
နိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည် သက်ဝင်သူ အများဆုံးရှိသော
နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ် တွေးခေါ်၊ သိမြင်၊ ပြောဆို၊
လုပ်ကိုင်၊ နေထိုင်၊ သတိထား၊ တည်ငြိမ်၊ ကြိုးပမ်းမှုများသည် ဗုဒ္ဓလမ်းစဉ်နဲ့
ကိုက်နေဖို့လို အပ်ပါတယ်။...”
“ပုထုဇဉ်လူ တစ်ယောက် အမြဲတမ်းလည်း မမိုက်သလို အမြဲတမ်းလည်း မလိမ္မာပါ။ ထို့ကြောင့် သူလို ငါလို လူအချင်းချင်း ဦးသူက အဆင့်ခွဲခြားခြင်းဖြင့် လူ့အသိုင်းအဝိုင်းကို ပဋိပက္ခတွေ တိုးအောင် မလုပ်ချင်ကြပါနှင့်။...”
ဗုဒ္ဓဘာသာနှင့် တစ်နေ့တာ - (ကိုမင်းမောင်)
အမှန်ပါဘဲ။ဘာအတွက်ကြောင့်သဘောထားတွေကွဲလွဲနေကြတာလဲ။
တကယ်ဆိုရင်စေတနာနဲ့လုပ်ကြတဲ့လူတွေများပါတယ်။မှားခဲရင်လဲစေတနာ
အမှားတွေပါ။ဒါပေမဲ့..နိုင်ငံရေးလုပ်တဲ့သူတွေဆိုပါတော့....စေတနာနဲ့မှား
ပေမဲ့....တနိုင်ငံလုးံအရေးပါ။တချက်မှားရင်အဲ့ဒီအမှားကိုတနိုင်ငံလုးံ
ကပြည်သူတွေခံစားရမှာပါ။ဒါကြောင့်အပြောအဆိုအလုပ်အကိုင်တွေ
ကိုထိန်းသိမ်းပြောဆိုစေချင်ပါတယ်။စဉ်းစားတွေးခေါ်ပြီးလုပ်စေချင်ပါတယ်။
ကိုယ်မှန်တယ်ထင်တဲ့အယူအဆတခုအတွက်တိုင်းပြည်ကိုစတေးခံလိုမဖြစ်ပါ။
နိုင်ငံရေးသမားများအားလုးံကိုသိစေချင်တာပါ။
နောက်တခုဘာသာရေးပါ။ဘာသာရေးနဲ့လူမျိုးရေးတွဲနေတာအမှန်ပါ။
မြန်မာစာပေဆိုတာလဲဘာသာရေးမှတဆင့်ပေါ်ပေါက်လာတာပါ။
မြန်မာအစတကောင်းကလိုဆိုခဲ့ပေမဲ့အဲ့အချိန်ကပျူစာပေတွေ၊
မွန်စာပေတွေပဲရှိခဲ့တာပါ။ပိဋကတ်သုးံပုံပုဂံပြည်ရောက်လာတော့မှ
မြန်မာစာပေလုးံလုးံလျားလျားပေါ်ပေါက်လာတာပါ။ဘာသာ၊စာပေ၊
လူမျိုးဆိုတာခွဲခြားလိုမရသလို၊ထိန်းသိမ်းစောင့်ရှောက်ရမဲ့တာဝန်လဲ
မြန်မာလူမျိုးတိုင်းမှာရှိပါတယ်။ဒါပေမဲ့ ဗုဒ္ဓလမ်းစဉ်နဲ့ ကိုက်နေဖို့လို
အပ်ပါတယ်။ဘက်စုံထောင်စုံမှချင့်ချိန်နှိုင်းဆပြီးအသိဥာဏ်နှင့်
အတွေးအခေါ်ပေါင်းစပ်ကာပြုလုပ်သင့်ပါတယ်။မိမိကြောင့်
ဘာသာ၊စာပေ၊လူမျိုးမကွယ်ပျောက်သင့်ကလို၊မိမိကြောင့်
ဗုဒ္ဓသာသနာမညှိုးနွမ်းအောင်ပြူလုပ်စေချင်ပါတယ်။
K.K(ကနောင်)

No comments:
Post a Comment