သူချမ်းသာ၏ ပျော်ရွှင်မှု
(ဟိုနေ့ကတင်လိုက်တဲ့ သူဆင်းရဲရဲ့ ချမ်းသာမှု မှအဆက်)
ဒီလိုနဲ့ သူဌေးကြီးဟာ ငွေသေတ္တာကြီးကို လှည်းပေါ်တင်ပြီးတော့ ထွက်လာခဲ့သတဲ့။
ဒီလိုနဲ့ သူဌေးကြီးဟာ ငွေသေတ္တာကြီးကို လှည်းပေါ်တင်ပြီးတော့ ထွက်လာခဲ့သတဲ့။
လမ်းတစ်လျှောက် ခိုးသား ဓါးပြတွေ တွေ့ရင် ဒုက္ခဆိုပြီးတော့
အိပ်လို့လဲမပျော်ဘဲ ခရီးဆက်လာတယ်။ ရောက်တဲ့အရပ်မှာ ပညာရှိများရှိရင်
ညွှန်ကြားပေးပါလို့ မေးသတဲ့။ ဒါနဲ့ ရွာတစ်ရွာ အရောက်မှာတော့
သတင်းကောင်းကိုကြားလိုက်ရသတဲ့။ ရွာနဲ့ မနီးမဝေး တောင်ပေါ်မှာ
သူတော်စင်တစ်ယောက်ရှိတယ်ဆိုတာ ကြားလိုက်တဲ့ သူဌေးကြီးဟာ တောင်ပေါ်ကို
တက်လာခဲ့သတဲ့
တောင်ပေါ်ရောက်တော့ ပါတဲ့ ငွေတွေကို သူတော်စင်ကြီးထံ အကုန်ပေးသတဲ့။
ဒီငွေတွေရှိရင် မပျော်နိုင်ကြောင်း ဒါကြောင့်မို့ ဒီငွေတွေကို
အကုန်ယူလိုက်ပါလို့ ပြောတယ်။
ဒါနဲ့ သူတော်စင်က " အို သူဌေး ငွေတွေက သင့်ကို မပျော်စေတာမဟုတ်
သင့်လုပ်ရပ်တွေက သင့်ကို မပျော်ရွင်စေတာဖြစ်တယ်။ ဒီငွေတွေနဲ့ စိတ်ချမ်းသာသာ
နေနိုင်မယ့် နည်း မင်းကိုငါပေးမယ် "
သူဌေးကြီးကလဲ ပျော်သွားတယ်။ သူရှာထားတဲ့ငွေတွေ နဲ့
စိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲပေါ့။ ဒါနဲ့ သူတော်စင်ကြီးက သူဌေးကြီးကို
တိုးတိုးလေးပြောပြလိုက်တယ်။
သူဌေးကြီးလဲ သူ့အိမ်ပြန်ရောက်ရောက်ခြင်း သူဌေးကြီးက အနီးအနားက
ဆင်းရဲသားလယ်သမားတွေကို ခေါ်တယ်။ သူ့အိမ်နား ပတ်ပတ်လည်မှာ အိမ်တွေ
ဆောက်ပြီးတော့ နေစေတယ်။ လယ်မရှိတဲ့ သူဆင်းရဲတွေကို သူ့လယ်တွေမှာ
အလုပ်လုပ်ခိုင်းတယ်။ပြီးရင် ရတဲ့ ကောက်ပဲသီးနှံတွေရဲ့ တစ်ဝက်ကိုပဲ
ယူပြီးတော့ ကျန်တစ်ဝက်ကို လယ်သမားတွေကို ပေးလိုက်တယ်။
ဒီလိုလုပ်လိုက်တော့ သူဌေးကြီးကို ဆင်းရဲသားတွေက ကျေးဇူးတင်ကြပြီးတော့
သူဌေးကြီးတို့ မိသားစုဟာ ဟင်းချက်စားစရာတောင်မလိုတော့ဘဲ အနီးအနား
အိမ်တွေအကုန် ကြိုက်တဲ့အိမ်တက်စားလို့ရသလို ဆင်းရဲသားအိမ်တွေကလဲ
ဟင်းတွေလာပို့တဲ့အတွက် ချက်စရာတောင်မလိုတော့ဘူးတဲ့
သူတော်စင်ကြီးမှာလိုက်တဲ့ ပထမ အချက်ကတော့ " ကိုယ်တိုင်လုပ်မစားနဲ့ သူများလုပ်ထားတာကိုစား " တဲ့။
နောက်တော့ သူဌေးကြီးဟာ လယ်မြေတွေကို ဆင်းရဲတဲ့ဆင်းရဲသားတွေကို
ခွဲဝေပေးလိုက်ပြီးတော့ ကိုယ်ပိုင်မြေကဲ့သို့
လုပ်ကိုင်စားနိုင်ကြောင်းပြောလိုက်တယ်။ အိမ်တွေကိုလဲ
ကောင်းကောင်းပြင်ဆောက်ပြီးတော့ ဆင်းရဲသားတွေ ကောက်ပဲသီးနှံရောင်းလို့ရပြီး
သူ့ဆီလာအပ်ထားတဲ့ငွေတွေကို သူ့အိမ်မှာ ထိန်းသိမ်းပေးထားတယ်။
ဒီလိုနဲ့ လယ်သမားတွေဟာ သူဌေးကြီးရဲ့ လယ်တွေကို ကိုယ့်လယ်ကဲ့သို့
လုပ်ကိုင်စားသောက်ကြပြီးတော့ အခြားလူများ ကျူးကျော်မလာနိုင်အောင်
ကာကွယ်စောင့်ရှောက်ကြသလို သူဌေးကြီး အိမ်ကိုလဲ သူခိုးသူဝှက် မကပ်နိုင်အောင်
ကာကွယ်စောင့်ရှောက်ကြသတဲ့
သူတောင်စင်ကြီးရဲ့ ဒုတိယ အချက်ကတော့ " ကိုယ့်ကိုကိုယ်မကာကွယ်နဲ့ သူများတွေက ကာကွယ်ပေးလိမ့်မယ် "တဲ့
မောင်စိုင်း

No comments:
Post a Comment