အမျိုးသမီးလေးတွေနဲ့ ပတ်သက်လို့ စေတနာထားပြီးပြောလိုတာလေး ကျန်ပါသေးတယ်။အခြားတော့ မဟုတ်ပါဘူး။
လောကမှာ အမျိုးသမီးလေးတွေဟာအမျိုးသားလေးတွေ ရဲ့ စိတ်ဝင်စားမှုကို ရချင်တယ်။ဒီလိုပါပဲ အမျိုးသားလေးတွေကလည်းအမျိုးသမီးလေးတွေ ရဲ့ စိတ်ဝင်စားမှုကို ရလိုကျတာပဲ။
အဲလို တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်ဖို့ ကြိုးစားတဲ့နေရာမှာ လွဲချော်နေ တာလေးတွေ ကို ပြောချင်တာပါ ။ ဒီ ပို့စ်မှာ အဓိကပြောလိုတာကတော့
အမျိုးသမီးလေးများအတွက်ပါ။
ယခုခေတ် မိန်းကလေးအများစုဟာ“ ယောက်ျား မိန်းမ မခွဲခြားခြင်း ” ဆိုတဲ့ ခေတ်ရဲ့ဆွဲဆောင်မှုနောက်ကို လိုက်ပါကြလျှက် (သို့မဟုတ်)ထိုစကား ကို တလွဲ အဓိပ္ပာယ် ဖွင့်ဆိုကြလျှက်ယောက်ျားလေးတွေနဲ့ဆက်ဆံတဲ့နေ ရာမှာ သိပ်ကို ရဲရဲတင်းတင်းပြုမှုဆက်ဆံလာကြပါတယ်။
စကားပြောတဲ့အခါ ယောက်ျားလေးတွေကိုဖင်ပုတ် ခေါင်းပုတ်ဖြင့် တို့ထိပြော ဆိုခြင်း ၊ အလွန်အကျွံရင်းနှီးလိုမှုကိုပြခြင်း စတဲ့အပြုအမှုတွေ ကို ပြုလုပ် တတ်ပါတယ်။ အဆိုးတကာ့ အဆိုးဆုံးကတော့ ယောက်ျားလေးများနဲ့
တန်းတူ ရည်တူ သောက်စားမူးရစ်ခြင်းတွေ၊လောင်းကစားခြင်းတွေ အထိ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတွေ့လာရတာပါပဲ။ မိမိရဲ့ တန်ဖိုးကို မိမိကိုယ်တိုင်
အဆုံးစွန်ထိ လျော့ချပစ်လိုက်တာပါ။
သူတို့ကတော့ ဒါကို ခေတ်မှီတယ်လို့လည်းခေါင်းစဉ်တပ်ချင် တပ်ကြမယ်ပေါ့။ များသောအားဖြင့်ထိုကဲ့သို့သော မိန်းကလေးများရဲ့ အနီးအနားမှာ
ယောက်ျားလေးများ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။
ဒါကိုလည်း သူသာယာစရာလို့ ထင်ကောင်းထင်တတ်ပါတယ်။
ကိုယ့်အပေါ်မှာ ဘယ်လိုစိတ်မျိုးနဲ့ သာယာနေသလဲဆိုတာသူတို့ မခွဲခြား တတ်တော့ပါ။ ဟော… သိပ်မကြာဘူးသူ့အနားက သူ့ကို သိပ်ပြီး သဘောကျ တဲ့သူတွေအပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ အချိန်မှာတော့သူဆောက် တည် ရာမရ ဖြစ်တော့တာပါပဲ။
ဒီလိုဖြစ်ရတာဟာ တန်ဖိုးထားမှု လွှဲချော်ခြင်းကြောင့်ပါပဲ။ တစ်နည်း အားဖြင့် ကိုယ့်တန်ဖိုး ကိုယ်နားမလည်ခြင်းကြောင့်ပါ။ ယောက်ျားလေးတွေဟာ ဘယ်လို မိန်းကလေးတွေကိုထာဝရ လက်တွဲချင်ကြတယ်ဆိုတာထိုမိန်းကလေး များ မသိလို့ပါ။
ဘယ်ယောက်ျားလေးမဆို ကိုယ်ရေရှည်လက်တွဲမယ့် မိန်းကလေးကို တည်တည် တံ့တံ့ ဣနြေ္ဒရှိတဲ့ အမျိုးသမီးကိုပဲ ရွေးချယ်လိုကြတာပါ။
ဘယ်သူမှ လျှပ်ပေါ်လော်လီတဲ့ မိန်းကလေးကို အမြဲတမ်းလက်တွဲဖေါ် အဖြစ် မရည်ရွယ်လိုကြပါဘူး။ ယောက်ျားလေး တစ်ရာကို မေးကြည့်ရင်တစ်ရာလုံးက ဒီတိုင်းပဲ ဖြေမှာပါ။ ဒါကို သဘောမပေါက်သော (သို့မဟုတ်)စိတ်အလို လိုက်သော အမျိုးသမီးများဟာခဏာတာရရှိတဲ့ မျက်နှာပွင့်လန်းမှုလေးကို
ထာဝရထင်မှတ်ပြီး လောကရဲ့ လှည့်စားမှုနောက်တကောက်ကောက် လိုက်ပါရာကနေတကယ်တမ်း ကိုယ်မြတ်နိုးတဲ့ တန်ဖိုးတွေကနေ
ဝေးလို့ ဝေးမှန်းမသိ ဝေးကွာသွားပါတော့တယ်။
ဒါကြောင့် ခေတ်အမျိုးသမီးလေးများလည်းကိုယ့်တန်ဖိုး ကိုယ်နားလည် တတ်ကြပါစေ ။ ခေတ်လူငယ်အားလုံးလည်း ပျော်ရွှင်စရာကောင်းသော
ကုသိုလ်ဖြစ်သော ခရီးစဉ်များကိုဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း……။
မေတ္တာဖြင့်
