ဒီနိုင်ငံမှာ....
သစ်ပင်ခုတ်မလား....? တစ်ပင်ထဲ မခုတ်နဲ့... ထောင် ၃ နှစ်ကျမယ်....။
တစ်တောလုံး တစ်တောင်လုံးပြောင်အောင်ခုတ်.....။ ဘယ်သူမှ မဖမ်းဘူး...။
လွတ်ထားပေးတယ်....။ ပေါင်းစားတယ်ဆိုတာ ဒါမျိုးကိုခေါ်တာပေါ့......။
အိမ်ဆောက်ဖို့အတွက် ပြတင်းတံခါးတွေ သစ်တိုသစ်စတွေ အိမ်သုံးဖို့ဆိုပြီး
အိမ်သုံးကားနဲ့ သယ်မလို့လား....? အမှုကြီးကြီးတပ်ပြီး တကယ့်
သစ်ခိုးဂိုဏ်းချုပ်ကြီး ဖမ်းသလိုမျိုး ဖမ်းပြီး သတင်းစာတွေထဲ
ဓါတ်ပုံကြီးကြီး နဲ့ ပါလာလိမ့်မယ်....။ လူကြီးနာမယ်တွေ ပါမစ်အတုတွေသုံးပြီး
သစ်လုံးတင်ကား ရာနဲ့ချီပြီး တင်ပါ....။ ဘယ်သူမှမဖမ်းဘူး...။ ပေါင်းစားတယ်ဆိုတာ ဒါမျိုးကိုခေါ်တာပေါ့.....။
ဆေးခြောက်တို့ မူးယစ်ဆေးတို့ ပိစိညှောင့်တောင့်လေး လက်ဝယ်မတွေ့မိစေနဲ့
မရောင်းဝယ်မိစေနဲ့...၊ အလုပ်ကြမ်း နဲ့ ထောင် ၆ နှစ်ကျသွားမယ်...။
လုပ်ချင်ရင် ပိသာချိန်များသထက် ခပ်များများသာလုပ်...။ ဘယ်သူမှ မဖမ်းဘူး...။
လွတ်ထားပေးတယ်...။ ပေါင်းစားတယ်ဆိုတာ ဒါမျိုးကိုခေါ်တာပေါ့....။
ဆေးခြောက်ရူမလား...၊ မူးယစ်ဆေး မျိုးစုံသုံးမလား...၊ စိတ်ချရပြီး ဥပဒေက
အရေးယူဖို့ လက်လှမ်းမမီတဲ့ နေရာရှိတယ်...။ လူကြီးသားသမီးတွေ..၊
ဗိုလ်ချုပ်ကြီး သားသမီးတွေနား သွားပေါ့...။ ဘယ်သူမှမဖမ်းရဲဘူး...။
လုံးဝလွတ်တယ်...။ ဖားစားတယ်ဆိုတာ ဒါမျိုးကိုခေါ်တာပေါ့....။
