(၁)
ထုံးရွှေရောင်
နှောင်မကြော့ချင်ဘူ့း၊ တောင်တမော့ ဗွေစွန်။ မျှောင်ကတော့ ဟေ၀န်မှာ၊
မြေသလွန် စက်ကိန်း။ ကျင့်ခြိုးခြံ ဖြေဖျော်တယ်၊ နေရာတော် တောသစ်ရွက်စိမ်း။
။ ပင်စကားဝါ့ ရိပ်သာမှာ၊ အ၀ိဇ္ဇာဖျောက်သိမ်း။ တသိက္ခာ စောင့်ထိန်းလို့၊
တယောက်ငြိမ်းကြံစည်။ ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်ပါတော့မည်။
။ ဆွတ်လှမ်းလို့ ကျွတ်တမ်းကိုရည်တယ်။ ၀တ်ပန်းထည် ဆင်သစ်နှင့်။ ကြင်ချစ်သူ
ဖော်မခေါ်၊ မြန်းချင်ပေါ့နော်။ မေတ္တာသွန်းတဲ့ ငယ်ကျွန်းဖော်ငယ်၊ အလွန်းတော်
ပြေရစ်ရှာတော့လေး။
(၂)
လောကဓံ ပြည်ဓလေ့ကို၊
သည်ယနေ့သိမ်းမည်။ ကြည်မမွေ့ကိန်းနယ်ကို၊ ငြိမ်းလွယ်အောင် ကြံပေါ့။
သူတော်မြတ် ခန္တီဝါလို၊ စံမှီရာ ယွန်းစို့ အသော့။ ။ သင်္ခါရဖြစ်ပျက်
မှောင်ကို၊ နှစ်သက်ပေါင် တန်တော့။ သစ်နက်ရောင် ဖန်ဝါပျော့နှင့်၊ ကန္တာကြော့
ရိပ်လယ်။ ခင်လေးမောင် စေနာထူးပါလို့၊ ခေမာကူး ကြည်လိုက်ပါတော့မယ်။ ။
သိုဝှက်လို့ ကိုယ်တွက်ရွယ်တယ်၊ ဖိုလ်မဂ်ကွယ် ရည်စူးလို့။ ကြည်နူးတဲ့ ဘာဝနာ၊
ပွါးချင်တော့သာ။ ၀ဋ်ကိန်းက လွတ်ငြိမ်းခွါတယ်၊ ဒွတ္တိံသာ မြဲချင်ပေါ့လေး။
(၃)
နန်းသပြေပင်ညွန့်နှင့်၊
စမ်းရေကွန့်ရိပ်ပြန်။ ပန်းဟေ၀န့် ဗိမာန်၊ အဓိဋ္ဌာန် တင်မြန်း။ ပင်လုံးကျွတ်
ပွင့်ဝေဖြာတယ်၊ ဧကစာသုံးတဲ့ သင်္ခမ်း။ ။ မြတ်နွယ်ညွန့် တည်မရာမှာ၊
လှည့်လက်ျာ ခွေမြန်း။ စည့်မျက်နှာ မြေကြငှန်း ငယ်သို့၊ ချွေမြန်းလို့
စိတ်သာ။ တင်စလွယ် ဆင်ခြယ်သ၊ အဋ္ဌင်္ဂ သုံးဆောက်တည်ကာ။ ။ တကိုယ်မွေ့
ဆိတ်ငြိမ်ရာဝယ်၊ နိဗ္ဗိန္ဒာ ကြည်ဇောနှင့်။ သည်တောမြိုင်ဝေပူ၊ ပန်းစုံကကြူ။
ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ၊ ရုက္ခမူ ပျော်ဆုံးပလေး။
(၄)
နှစ်ကိုယ်တူ ကြံရာကျအောင်၊ ကန္တာရ
လှမ်းမယ်။ ဖလ်ကြာကြွ နန်းလယ်မှာ၊ စံမြန်းတယ် မမွေ့။ မူခြားလို့ ဂူအားကို
ရှာမယ်၊ လူပါးရာ မြန်းစို့ တမေ့။ ။ သံသာရ ရဟတ်နယ်ကို၊ ပြတ်ချင်တယ် ယနေ့။
မေပါလျှင် ချွေတာလို့ ရွေ့နိုင်ရဲ့၊ သေလာကွေ့ မြိုင်လယ်။ နိဗ္ဗူကို
စိတ်တူကြွရအောင် ဘိက္ခူမ လုပ်ပါတော့ကွယ်။ ။ ပုတီးနှင့် ခရီးလယ်မှာ၊
ပြီးစလွယ် ဟန်သိမ်းလို့။ ဖန်ပိန်းကြော့ နံ့သာနီလွင်၊ လဲစို့ ခင်ခင်။
ခိုင်တကြော့ နဂိုရ်ယဉ်ငယ်၊ မငြိုငြင် စမ်းပါနှင့်လေး။
(၅)
နှစ်ကိုယ်တူ ဆံချလို့၊ ကြံကြစို့
သက်လယ်။ သံသာရစက်နယ်ကို၊ ထွက်လွယ်အောင် ရည်စူး။ ချစ်တဲ့ဘေ စိတ်တူညီလျှင်၊
ဘိက္ခူနီ လုပ်ခဲ့ ကျော့မှူး။ ။ ဘ၀တိုင်း တသာကီရယ်၊ ပါရမီဆုထူး။ ညာမဒီ
ချစ်ဦးနှင့်၊ ကျူးရင့်ကာ နှစ်ကိုယ်။ နိဗ္ဗာန်တိုင် စိတ်သန်မှု၊ ဓိဋ္ဌာန်ပြု
တောင်းဆုပန်ဆို။ ။ သမ္ဘူလနုပျိုလို၊ ကုသိုလ်တော်တရားနှင့်။ လင်သားဝတ်
ဤငါးဖြာ၊ မြဲပမကွာ။ ဖေချစ်တဲ့ ခင်ကညာရယ်၊ ရည၀ါ ခိုအောင်းစို့လေး။
(၆)
သလွန်တော် ဂမုန်းပွင့်မှာ၊
ကုံးဆင့်ဆင့် ပြုကာ။ အုံးစွင့်စွင့်နုစွာဝယ်၊ ယုဇနာ ရှိန်ကြွေ့။ ရွှေညဥ့်ရုံ
လွန်ဆန်းပွေတယ်၊ ဇွန်ပန်းငွေ ဖြန်းရွေ့သိမ်မွေ့။ ။ အိပ်ရာတော်
သတ်မွှေးထုံတယ်၊ နတ်သွေးလှုံဓလေ့။ မြတ်လေးငုံ အပြေ့နှင့်၊ ပြကတေ့မူရာ။
ခြင်ရံတော် တကယ်ဆန်းငယ်က၊ စပယ်ပန်း လှပ်လှပ်သာဖြာ။ ။ သဇင်ပန်း
မုတ်သီဟာမှာ၊ ဇီဇ၀ါ တန်တိုင်းနှင့်။ ကသိုဏ်းကျ ဂန္ဓမာ တောင်ရံ၊
နှင်းရီမြကန်။ ။ ကျောက်စိမ်းမြ ဒီဃာရံကို၊ ညီလာခံ ကွန့်မယ်ပလေး။
No comments:
Post a Comment