ကားကို ၀ါးစားတဲ့ခွေး
Myawady News
ကားကို ၀ါးစားတဲ့ခွေး
စာဖတ်ပရိသတ်အနေနဲ့ အရင်ကတော့ ခွေးကလူကို ကိုက်တာ ၊ လူကခွေးကို ကိုက်တာ
စတာမျိုးတွေ ကြားဖူးမှာပေါ့။ အခုကတော့ ခွေးက ကားကို ကိုက်စားပစ်တာပါ။
ကားအလွန်စွဲလမ်းရူးသွပ်သူ တစ်ယောက်ဟာ သူ့ရဲ့ ပေါင် ၈၀၀၀၀ တန် Aston Martin
ရဲ့ ကားဘီးအဖုံးနားတ၀ိုက်ကို သူမွေးထားတဲ့ ခွေးမလေးက ကိုက်ပစ်လိုက်တာ
မွစာကို ကျဲနေတာပါပဲတဲ့။ အသက် (၄၂)နှစ်ရှိပြီဖြစ်တဲ့ Royston
Grimsteadတစ်ယောက် အိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့ရဲ့
Luce လို့အမည်ရတဲ့ အမွှေးပွ နားရွက်ရှည် အိမ်မွေးခွေးမလေးဟာ
သူ့ဇိမ်ခံကားကြီးရဲ့ fiberglass ဘောင်တွေကို ကိုက်ပစ်ထား တွေ့ရပါတယ်။
ပျက်စီးမှုဟာ ကာလတန်ကြေးနဲ့တွက်မယ်ဆိုရင် ပေါင် ၃၀၀၀ ဖိုးလောက်တောင်
ရှိပါတယ်။
ခွေးတွေရဲ့အပြုအမူတွေကို ကျွမ်းကျင်သူရဲ့ အဆိုအရတော့ Luce ဟာ
အရင်တုန်းကတော့ သူ့ပစ္စည်းဘယ်တစ်ခုကိုမှ ကိုက်ဖြတ်ထားခြင်း မရှိပေမယ့်
အခုတစ်ခါမှာ ကိုက်ခဲ့တယ်ဆိုတာဟာ သူမရဲ့ သခင်အဝေးကို ရောက်နေတဲ့အချိန်မှာ
သူမအနေနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာတာကြောင့်လို့ ဆိုခဲ့ပါတယ်။
ကားပိုင်ရှင် Mr Grimstead က “ အိမ်ကိုရောက်တဲ့အချိန် သူမကိုယ်ပေါ်မှာ
အဖြူရောင်အမွှေးတွေနဲ့ ဖုံးအုပ်နေတော့ ငှက်တကောင်ကို ဖမ်းမိထားတယ်လို့ပဲ
ထင်ခဲ့တာ။ ဘယ်ဟုတ်မလဲ ။ အဲဒါ ကားက fiberglass တွေဖြစ်နေတာကိုး” လို့
ပြောပါတယ်။ “Luce က ဒီလိုလုပ်ပြီးနောက်ပိုင်း ကျွန်တော့်ကို
ရှောင်ဖယ်ဖယ်လုပ်နေ ခဲ့ပြီး နောက်တစ်နေ့မှာတော့ တခြားပိုင်ရှင်တွေဆီ
ရောက်သွားပါတယ်။ ပိုင်ရှင်အသစ်တွေကို ကျွန်တော် ဒီအကြောင်း မပြောလိုက်ဘူး။
ပြောလိုက်မယ်ဆို နောက်နေ့ ကျွန်တော့်ရဲ့အိမ်တံခါးရှေ့မှာ သူမကို
ပြန်တွေ့ရမှာ ကျိန်းသေတယ်လို့” လို့လည်း ဆိုပါသေးတယ်။
ကားပိုင်ရှင်က “ဒါကိုမြင်ရတဲ့အချိန်မှာ ကျွန်တော်ရယ်နေရုံပဲ တတ်နိုင်တယ်။
ကျွန်တော်မှ မငိုတတ်တာပဲလေ။ သူမအပြစ်လုပ်ထားတယ်ဆိုတာလည်း သူမကိုယ်သူမ
သိနေပုံရပါတယ်။ ဘာကြောင့်လဲဆို သူမမျက်နှာကို ကြည့်လိုက်လေ။ အပြစ်ရှိနေတဲ့
မျက်နှာငယ်လေးနဲ့”တဲ့။ ဒီလိုနဲ့ပဲ သူဟာ ခွေးမလေးကို သူများကိုပေးဖို့
ဆုံးဖြတ်လိုက်ရပါတယ်။
သြော် - ရှာရှာဖွေဖွေကို အတော်လည်း ကိုက်နိုင်တဲ့ ခွေးမလေးပါလားနော်။
Ref:dailymail.co.uk

No comments:
Post a Comment