ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Thursday, January 30, 2014

ပန်းရောင်ရေကန်- Lake Retba


YoYarLay
ပန်းရောင်ရေကန်- Lake Retba
စတော်ဘယ်ရီ မစ်ရှိတ် ဖျော်ရည်များလို ပန်းရောင်သန်းနေတဲ့ ရေကန် ဆီနီဂေါနိုင်ငံမှာ ရှိပါတယ်။ Lake Retba အမည်ရပြီး သဘာဝအတိုင်းကို ပန်းရောင်သန်းနေ တာ ဖြစ်ပါတယ်။
မြို့ တော် Dakar ရဲ့  အနောက်မြောက်စွန်းစွန်းမှာရှိပြီး ၁ စတုရန်းမိုင် ကျယ်ပြန်တဲ့ ကန်ကြီး ဖြစ်ပါတယ်။ အနက်ဆုံးကတော့ ၉.၈ ပေ ရှိပါတယ်။ ပန်းရောင် သန်းနေတဲ့ အဓိကအကြောင်းအရင်းကတော့ သူ့မှာ ပါဝင်တဲ့ ဆားဓာတ်တစ်မျိုးကြောင့် ဖြစ...်ပါတယ်။ Dunaliella salina လို အော်ဂဲနစ် အယ်လ်ဂျေး တစ်မျိုးကြောင့် ပန်းရောင် သန်းနေရခြင်း ဖြစ်ပြီး ဆားဓာတ် လည်း အင်မတန် လွန်ကဲတဲ့ ရေကန် ဖြစ်ပါတယ်။
Lake Retba ရဲ့  ဆားဓာတ် လွန်ကဲမှုကြောင့် ဆားထုတ်တဲ့ လုပ်ငန်းလည်း ကန်မှာ ရှိပါတယ်။ ပန်းရောင် သန်းနေတဲ့ ရေက အသားအရေကိုလည်း ပျက်ဆီးစေပါတယ်။ ဒါကြောင့် ယင်းကန်မှာ လုပ်ကိုင်သူများရော၊ လာရောက် လည်ပတ်သူတွေမှာ ကောက်နှံစေ့ထုတ် အလှဆီ (Beurre de Karité) ကို လိမ်းကြံပြီး အလုပ်လုပ်ကြ၊ သွားလာကြပါတယ်။
ခြောက်သွေ့တဲ့ နွေရာသီရောက်တိုင်း ပန်းရောင် သန်းနေတတ်ပြီး Lake Retba ဟာ ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိက လည်ပတ်စရာ နေရာ တစ်ခု ဖြစ်လာပါတယ်။

No comments: