စတွေ့ တုန်းကပုံရိပ်လေးတွေခုထိမမေ့ နိုင်ဘူး
မင်းအပြုံးတွေမှာ မမုန်းစေတဲ့ ဆေးခတ်ထားတယ်ထင်ရဲ့ 
လှုပ်ရှားမှုပုံရိပ်တိုင်းက တသက်မမေ့ စေနိုင်ဘူး
မင်းအလှအောက်မှာပန်းပေါင်းစုံဒူးထောက်ခစားစေနိုင်တယ်
ညှို့ ချက်ပြင်းမျက်လုံးတွေက ကိုယ့်နှလုံးသားကို မျှားတစင်းလို
စူးစိုက်စေခဲ့ တယ် ရူးသွပ်လောက်တဲ့ ရင်ခုန်မှုတွေ
အချိန်တိုင်းပေးလို့  မင်းကိုစံပေးလိုက်မိပြီ
ကိုယ့် ရင်ကိုလှုပ်ခါစေနိုင်သူ နောက်တယောက်
မရှိနိုင်လောက်ဘူးထင်ခဲ့ သူ ကိုယ့် အမှားပေါ့ 
မင်းလှုပ်ရှားမှုပုံရိပ်တိုင်းမှတ်တမ်းတင်မိတဲ့ ကိုယ့်အဖြစ်
ခိုးကြည့် တာမိသွားရင် တိုးထိလာတဲ့ ရင်ခုန်သံတဒိတ်ဒိတ်နဲ့ 
ရှက်ပြုံးလေးပြုံးမိတယ် သြော်....ကိုယ့် အဖြစ်
တကယ်မလွယ်ပါလား.....
ပန်းလေးတပွင့်လို ယုယစွားနမ်းရှိုက်ခွင့် ရချင်ပေမဲ့ 
မင်းရှေ့ ရောက်ရင်ဆွံ့ အစေလို့  ကိုယ့် နှုတ်ဖြားက
ချစ်စကားလေးတွေ ဖွင့် ဟလို့ မထွက်ဘူးလေ
ဥယာဉ်မှူးတယောက်လို အလှကြည့်နေချင်ပေမဲ့ 
ချူချင်သူတွေဝိုင်းရံနေတော့  ကိုယ်ကိုတိုင်ပဲ
အမြတ်တနိုးခူးဆွတ်ပါရစေ ဆွံ့ အသူကိုယ့်ဘက်ကို
ကိုင်းညွှတ်လို့ ပေးပါတော့ လား
ချစ်သူ ကောင်မလေးရေ...။
No comments:
Post a Comment