ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Friday, January 17, 2014

“အလွမ်းကိုကာရန်ဖွဲ့ အလွမ်းကိုသီချင်းလုပ်ဆို သို့ သော်....လွမ်းချက်ကမပြေနိုင် ”


အရမ်းလွမ်းတယ်ချစ်သူ....

ကျောက်ဆောင်နဲ့ တူတဲ့ နှလုံးသား

အလွမ်းလှိုင်းတံပိုးဒဏ်မခံနိုင်ဘူးဖြစ်နေပြီ

မှိုင်းပြာရီဝေနေတဲ့ တောတန်းလေးကိုမြင်ရတာ

ကိုယ့် အလွမ်းတွေကိုပိုပြီးတိုးပွားစေတယ်ချစ်သူ


ချစ်သူကိုလွမ်းတိုင်းသီဆိုနေတဲ့ သီချင်းတွေတောင် ကိုယ်တိုင်ရေးတဲ့ 

ကာရန်ချို့ တဲ့  တဲ့ ကဗျာ

တွေလိုပါပဲ နှစ်လိုဖွယ်ကောင်းတယ်ထင်ရပေမဲ့  တကယ်တမ်းအသက်မဲ့ 

နေခဲ့ တာကိုယ်ကိုတိုင်ပဲ

သိပါတယ်ချစ်သူရယ်.....

တခဏတာလေးခွဲရတယ်ဆိုတာသိပေမဲ့ 

တဘဝစာခွဲနေရတယ်ထင်ရလောက်အောင်အရမ်းကို

လွမ်းတယ်ချစ်သူ တဘဝစာသာခွဲရမယ်ဆိုရင်တော့ ဖြင့် ...

အိုကွာ....တွေးတောင်မတွေးရဲတော့ 


ပါဘူး

ချစ်သူရယ်...

ခုချိန်မှာတော့  လွမ်းရတဲ့ ရက်တွေကိုလက်ချိုးရေလို့  ကိုယ်တမ်းတတဲ့ 


မင်းဆီကိုအရောက်ပြန်လာဖို့ 

ကိုယ် ကြိုးစားနေပါတယ် ချစ်သူရေ...ကမ်းလင့် တဲ့ လက်နှစ်ဖက်နဲ့ 

သာကြိုနှင့် ပါတော့ 

အလွမ်းမင်းသားလေးမင်းဆီအရောက်ပြန်လာတော့ မှာပါ ကိုယ်လာမဲ့ 

လမ်းမျှော်မှန်းလို့ သာ

စောင့် စားနေပါတော့  မဝေးတော့ တဲ့ တနေ့ ချစ်သူရှေ့ 

မှောက်အခစားရောက်နိုင်ဖို့ 

အခုတော့  ကိုယ်ကြိုးစားနေဆဲပါချစ်သူ.....၊၊


No comments: