အတွေးတွေထဲမှာရောက်နေတာ မင်းပုံရိပ်တွေပါ
နားထဲမှာကြားနေတာမင်းရယ်သံလေးတွေ
လေအဝှေ့ မှာပါလာတဲ့ ပန်းရနံ့ တွေက
မင်းကိုသင်းနံ့ လေးကိုမမှီဘူး
ကိုယ့် ရှေ့ ကဖြတ်လျှောက်သွားသူတွေကလဲ
မင်းလောက်မယဉ်ပြန်ဘူး
ကြားနေရတဲ့ စကားသံတွေလဲ မင်းအသံလောက် မချိုသာဘူး
စားရတဲ့ အရသာတိုင်းလဲ မင်းနဲ့  အတူစားတုန်းကလောက်
အရသာမရှိပြန်ဘူး
မင်းရှိနေတုန်းကဘာလုပ်လုပ် အမှားအယွင်းကင်းပေမဲ့ 
ခုတော့ အမှားအယွင်းတွေချည်းပဲ ..
ချစ်သူရေ.... ပြေးမြင်လှည့် ပါကွာ
မင်းရှိမနေတာ တခြမ်းပဲ့ ရင်ခွင်နဲ့ ဘ၀တပိုင်းသေနေသလိုပဲ
အရာရာမှာပြီးပြည့် စုံမှုမရှိတော့ ဘူး.....
ခုတော့ .........
ဂုဏ်ဒြပ်တွေချောင်မှာထိုး ခေါက်ရိုးကျိုးမာနနဲ့ 
မင်းရှေ့ မှောက်ဒူးထောင်ဖို့ အရန်သင့် ပါပဲ
တချိန်ကတွယ်ရစ်ဘူးတဲ့  သံယောဇဉ်နှောင်ကြိုးလေး
မပြတ်သေးဘူးဆိုရင် ခွင့် လွှတ်ခြင်းတွေရင်မှာပိုက်
ဒီကောင်အမိုက်ဆီကို ပြန်လာခဲ့ ပါတော့ လားချစ်သူရယ်....။
Read more: http://nyeinchan-com.webnode.com/news/%e1%80%80%e1%80%97%e1%80%ba%e1%80%ac/
Create your own website for free: http://www.webnode.com
No comments:
Post a Comment