မွန်ကျပ်လွန်းတယ်ကွာ .....
နံနက်ခင်းအလင်းစက် တိုးထွက်လာတဲ့ နေခြည်
မိုးရေစက်လက်သစ်ပင် မှိုင်းညှို့ နေတဲ့ တောတန်း
လွမ်းမောစရာတပုံတပင် နဲ့  ကိုယ့် အတွက်တော့ 
နေရထိုင်ရခက်စေတယ်ကွာ...
တပြည်တရွာ တနေရာကို စေရာအလုပ်နဲ့ လာခဲ့ ရပေမဲ့ 
တနေရာကမင်းဆီမှာ အချိန်ပြည့် ခစားနေတဲ့  ကိုယ့် စိတ်တွေက
ဝတ္တရားမပျက်ခဲ့ ဘူးနော်.......
၂၄ နာရီတရက် အလုပ်တွေကတရစပ်
မပြတ်တမ်းလုပ်နေရပေမဲ့  ပင်ပန်းမှုဒဏ်
ကိုယ်ခံနိုင်ခဲ့ တယ် ဒါပေမဲ့ .....
မင်းကိုလွမ်းတဲ့ ဒဏ် ကိုယ်မခံနိုင်ခဲ့ ဘူး
အနေဝေးလေပိုသတိရလေပါပဲ .....
တရက်တာလေးဝေးတာကို တသက်စာလောက်
ခံစားရတဲ့ ကန္နရာမောင်နှံအလွမ်းတောာင်
ကိုယ့် အလွမ်းကိုမှီနိုင်မယ်မထင်ဘူး
ယုံနေပေးပါ ချစ်သူကောင်မလေးရေ......
အနေဝေးလို့ သွေးအေးသွားသူစာရင်း
ကိုယ်ပျင်းလို့ တောင် မ၀င်စေရပါဘူး
ချစ်သူကောင်မလေးရေ...... ။
No comments:
Post a Comment